The Bible Software
ဟေဗြဲဩဝါဒစာ · မြန်မာကျမ်းစာ

ဟေဗြဲဩဝါဒစာ 5

1လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏

2သူ သည် ကိုယ်တိုင်နွမ်းရိ အားနည်းခြင်းရှိသည်ဖြစ်၍၊ မိုက် သောသူ၊ မှားယွင်း သောသူတို့ကို သည်းခံ ခြင်းငှာတတ်နိုင် ၏

3ထို အကြောင်း ကြောင့်လည်း ၊ လူ များအပြစ်နှင့် မိမိ အပြစ် ကို ဖြေခြင်းငှာပူဇော် ရ၏

4ဘုရားသခင် သည် အာရုန် ကိုခေါ်တော်မူသကဲ့သို့ ခေါ် တော်မူသောသူမှတစ်ပါး၊ အဘယ်သူ မျှ ထိုအရာ မြတ်ကို မ သိမ်း မယူရ

5ထိုနည်းတူ ၊ ခရစ်တော် သည် ယဇ်ပုရောဟိတ် မင်းအရာ၌ မိမိ ကို မိမိချီးမြှောက် သည်မ ဟုတ်။ သင် သည် ငါ့ သား ဖြစ် ၏။ ယနေ့ ပင် သင့် ကို ငါ ဖြစ်ဘွား စေပြီဟု မိန့် တော်မူသောသူသည် ခရစ်တော်ကို ချီးမြှောက်တော်မူ၏

6ထိုသို့နှင့်အညီကျမ်းစာတ ချက်လာ သည်ကား၊ သင် သည် မေလခိဇေဒက် နည်းတူ ထာဝရ ယဇ် ပုရောဟိတ်ဖြစ်သည်ဟု လာသတည်း

7ထိုခရစ်တော် သည် လူ ဇာတိအဖြစ်၌ နေစဉ်ကာလ ၊ သေ ခြင်းမှ ကယ်လွှတ် နိုင် တော်မူသောသူ ကို၊ ကြီးစွာ သော ကြွေးကြော် ခြင်း၊ မျက်ရည် ကျခြင်းနှင့် ဆုတောင်း ပဌနာပြုသဖြင့်၊ ကြောက်ရွံ ရာအမှု၌ ချမ်းသာ ရသည်ဖြစ်၍၊

8ဘုရားသခင်၏ သား တော်မှန် သော်လည်း ၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင် ခြင်း အကျိုး အကြောင်းကို သင် တော်မူ၏

9ထိုသို့စုံလင် ခြင်းသို့ရောက်ပြီးမှ ၊ ယုံကြည်နားထောင် သော သူ အပေါင်း တို့အား ထာဝရ ကယ်တင် ခြင်း ကျေးဇူးကို ပြု သောသူဖြစ် တော်မူ၍

10မေလခိဇေဒက် ကဲ့သို့သောယဇ်ပုရောဟိတ် မင်းဟု ဘုရားသခင် သမုတ် တော်မူခြင်းကို ခံရ၏

11ထိုမေလခိဇေဒက် ၏အကြောင်း ကို ငါ တို့ ပြော စရာစကား အများ ရှိ၏။ သို့သော်လည်း၊ သင်တို့သည် ဉာဏ် နုန့်သောကြောင့် အပြော ခက်လှ၏

12သင်တို့သည် ကာလ ကြာသောကြောင့် ဆရာ အဖြစ် သို့ ရောက် သင့်သော်လည်း ၊ ဘုရားသခင် ၏ ဗျာဒိတ် တော်၌ ရှေ့ဦးစွာ သင်ရသောတရားနုတို့ကို သူတစ်ပါးထံ၌တဖန် သင် ရသော အကြောင်း ရှိ သည် ဖြစ်၍၊ ကြေခဲ သောအစာ ကို မ သုံးဆောင်၊ နို့ ကိုသာ သုံးဆောင် ရသောသူဖြစ် ကြ၏

13နို့ ကိုသာသုံးဆောင် သောသူ မည်သည်ကား၊ သူငယ် ဖြစ် သောကြောင့် ဖြောင့်မတ် ခြင်းတရား ၌ လေ့လာ ခြင်းမရှိ

14ကောင်းကျိုး မ ကောင်းကျိုးကို ပိုင်းခြား ၍ သိနိုင်သောဉာဏ်ပေးတတ်သော၊ အကြားအမြင် အတွေ့အစမ်း များသော သူတည်းဟူသော၊ စုံလင် သော အရွယ်ရှိသော သူတို့မူကား ၊ ကြေခဲ သော အစာ အာဟာရကို သုံးဆောင် ရကြ၏။

← ဟေဗြဲဩဝါဒစာ 4Read In The App, Free →ဟေဗြဲဩဝါဒစာ 6 →

Study ဟေဗြဲဩဝါဒစာ 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeAlbert BarnesJohn WesleyJohn CalvinScofieldWilliam BurkittFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

12345678910111213