ဟေဗြဲဩဝါဒစာ 7:28
ပညတ် တရားသည် အပြစ် ရှိ သောသူ တို့ကို ယဇ်ပုရောဟိတ် အရာ၌ ခန့်ထား ၏။ ပညတ်တရား နောက် ၌ ကျိန်ဆို တော်မူသော ဗျာဒိတ် တော်မူကား ၊ အစဉ်အမြဲ စုံလင် ခြင်းသို့ရောက်သော သား တော်ကို ခန့်ထား သတည်း။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 4:3ဘိသိက် ခံသော ယဇ် ပုရောဟိတ်သည် လူ များကို အပြစ် ထဲ သို့ သွေးဆောင်၍ ကိုယ်တိုင်ပြစ်မှား လျှင် ၊ ထို အပြစ် အတွက် အပြစ် ဖြေရာယဇ်ဘို့ အပြစ် မပါ၊ အသက်ပျို သော နွား ထီးကို၊
Luke 13:32ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
Hebrews 1:2ထိုသား တော်ကို အလုံးစုံ တို့၏ အမွေခံ သခင် အရာ၌ ခန့်ထား တော်မူ၏။ သား တော်အားဖြင့် လည်း လောက ဓါတ်တို့ကို တည် တော်မူ၏
Hebrews 3:6ခရစ်တော် မူကား ၊ သား ကဲ့သို့ အိမ် တော်ကို အုပ်စိုး ၍ သစ္စာစောင့်တော်မူ၏။ ငါ တို့သည်ကား၊ ရဲရင့် ခြင်း၌၎င်း ၊ မြော်လင့် ခြင်းနှင့်စပ်ဆိုင်သောဝါကြွား ဝမ်းမြောက်ခြင်း၌၎င်း၊ အဆုံးတိုင်အောင်တည်ကြည် လျှင်၊ ထို အိမ် တော်ဖြစ် သတည်း
Hebrews 5:1လူတို့ တွင် ရွေးကောက်သော ယဇ်ပုရောဟိတ် မင်း မည်သည်ကား ၊ ပူဇော် သက္ကာကို၎င်း ၊ အပြစ် ဖြေ ရာ ယဇ် ကို၎င်း ပူဇော် ၍၊ လူတို့ အတွက် ဘုရား ဝတ်ပြု စေခြင်းငှာခန့်ထား တော်မူသောသူဖြစ်၏
Hebrews 5:8ဘုရားသခင်၏ သား တော်မှန် သော်လည်း ၊ ဆင်းရဲ ဒုက္ခကို ခံသောအားဖြင့် နားထောင် ခြင်း အကျိုး အကြောင်းကို သင် တော်မူ၏