ဟောရှေအနာဂတ္တိကျမ်း 10:3
ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် မ ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 10
Cross References
Genesis 49:10ရှိလောမရောက် မှီတိုင်အောင် ၊ ရာဇလှံတံ သည် ယုဒ ထံ မှ၎င်း၊ မင်း အာဏာသည် သူ၏အမျိုးအနွယ် ထံ မှ၎င်း မ ရွေ့ ရ။ ရှိလော ၌ လူမျိုး တို့သည် ဆည်းကပ် ကြလိမ့်မည်။
Psalms 118:9ထာဝရဘုရား ၌ ခိုလှုံ ခြင်းသည် မင်း ကို ကိုးစား ခြင်းထက် သာ၍ကောင်း ၏။
Hosea 10:7ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။
Hosea 11:5အထံတော်သို့ မပြန်မလာဟု သူသည် ငြင်း သောကြောင့် ၊ အဲဂုတ္တု ပြည် သို့ ပြန် ၍မ သွားရ။ အာရှုရိ မင်းသည် သူ တို့ကို အုပ်စိုးရလိမ့်မည်။
Hosea 13:11ရှင်ဘုရင် နှင့် မင်း များကိုပေး ပါဟု သင် တောင်း သောကြောင့် ၊ ငါ အမျက် ထွက်၍ ရှင် ဘုရင်ကိုပေး ပြီ။ တဖန်ပြင်းစွာအမျက်ထွက် ၍ ရှင်ဘုရင်ကို ပယ်ရှား ပြီ။
John 19:15ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။