The Bible Software
ဟောရှေအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟောရှေအနာဂတ္တိကျမ်း 10

1ဣသရေလ သည် အသီး များစွာ သီးသော စပျစ်နွယ် ပင်ဖြစ်၏။ ကိုယ် အလိုအလျောက်သီး တတ်၏။ အသီး တိုးပွား သည်အတိုင်း အမျိုးသားတို့သည် ယဇ်ပလ္လင် တို့ကို များပြား စေကြ၏။ သူ တို့ပြည် ကောင်း သည်အတိုင်း ကောင်းသော ရုပ်တု ဆင်းတုတို့ကို လုပ် ကြသည်တကား။

2သူ တို့၌ စိတ် နှစ်ခွ ရှိ၏။ ချက်ခြင်း အပြစ်ဒဏ် ကိုခံရကြမည်။ သူ တို့ ယဇ်ပလ္လင် တို့ကို ကိုယ်တော် တိုင် ဖြိုချ ၍၊ ရုပ်တု ဆင်းတုတို့ကိုလည်း ဖျက်ဆီး တော်မူမည်။

3ငါ တို့သည် ထာဝရဘုရား ကို မ ကြောက်ရွံ့ သောကြောင့် ရှင်ဘုရင် မ ရှိ။ ရှင်ဘုရင် ရှိသော်လည်း ၊ ငါ တို့အဘို့ အဘယ်သို့ ပြု နိုင်မည်နည်းဟု ချက်ခြင်းဆို ရကြမည်။

4သူတို့ ကျိန်ဆို သော စကားသည် စကားသက်သက် ဖြစ်၍၊ မိဿဟာယ ဖွဲ့ သောအခါ မုသာ စကား ကိုသာ ပြော တတ်ကြ၏။ တရား စီရင်ခြင်းအမှုသည် လယ် ကန်ဆည်ရိုး ပေါ် မှာ ဘင်းခါး ပင်ကဲ့သို့ ပေါက် ရ လိမ့်မည်။

5ရှမာရိ မြို့ သားတို့သည် ဗေသဝင် နွားသငယ် အဘို့ ကြောက် ကြလိမ့်မည်။ ထိုနွားသငယ်၏ ဘုန်းအတွက် သူ ၏တကာ တို့သည် ငိုကြွေး မြည်တမ်း၍ ၊ ယဇ် ပုရောဟိတ်တို့သည် တုန်လှုပ်ကြလိမ့်မည်။ အကြောင်းမူကား ၊ ရန်သူတို့သည် ထိုဘုန်းကို လုယူ၍၊

6နွားသငယ် နှင့်အတူ အာရှုရိ ပြည်သို့ ယူသွား ပြီးလျှင် ၊ ရှင်ဘုရင် ယာရက် အား ဆက် ရကြလိမ့်မည်။ ဧဖရိမ် သည် အသရေ ပျက်၍ ဣသရေလ သည် မိမိ အကြံ အစည်အားဖြင့် ရှက်ကြောက် ရလိမ့်မည်။

7ရှမာရိ သည် ပျက် ရ၏။ ရှမာရိ ရှင် ဘုရင်သည် ရေမြှုပ် သက်သက်ဖြစ်၏။

8ဣသရေလ ပြစ်မှား ရာ အာဝင်မြို့ကုန်း တို့သည် ပြိုကျ ၍ ၊ ဆူး ပင်အမျိုးမျိုးတို့သည် သူ တို့ ယဇ် ပလ္လင်များကို လွှမ်းမိုး ကြလိမ့်မည်။ မြို့သားတို့ကလည်း၊ အိုတောင် များ တို့၊ ငါ တို့ကို ဖုံးအုပ် ကြပါ။ အိုကုန်း များတို့၊ ငါ တို့အပေါ် ၌ ကျ ကြပါဟု ခေါ် ကြလိမ့်မည်။

9ဂိဗာ မြို့လက်ထက် ၌ အပြစ်ကြီးသည်ထက် ဣသရေလ သည် အပြစ်သာ၍ကြီး၏။ ထို မြို့၌ ရပ် နေကြ ၏။ ဂိဗာ မြို့၌ အဓမ္မ လူ တို့ကို စစ်တိုက် သောအခါ မ ရှုံး ကြ။

10ငါ သည် ကိုယ် အလိုအလျောက်သူ တို့ကို ဆုံးမ မည်။ သူ တို့ အပြစ် နှစ် ပါးကြောင့် ချည် ထားလျက်ရှိသောအခါ ၊ သူ တို့တဘက် ၌ လူများစည်းဝေး ရကြလိမ့်မည်။

11ဧဖရိမ် သည် ယဉ် ၍ စပါးကို နင်း ချင်သော နွားမ ပျိုဖြစ်သော်လည်း၊ ငါ သည် ထမ်းဘိုးကို ထမ်း စေ သဖြင့် ၊ ဧဖရိမ် သည် ကခြင်းကိုခံ ၍၊ ယုဒ သည် ထွန် လျက်၊ ယာကုပ် သည်လည်း မြေစိုင်ကို ခွဲ လျက်ရှိရလိမ့်မည်။

12ကိုယ် အဘို့ ဖြောင့်မတ် ခြင်းမျိုးစေ့ကို ကြဲ ၍၊ ကရုဏာ တော် အသီးအနှံ ကို ရိတ် ကြလော့။ မလုပ်သေး သော လယ် ကို ထွန် ကြလော့။ ထာဝရဘုရား သည် ကြွ လာ ၍ ၊ သင် တို့အပေါ် သို့ ဖြောင့်မတ် ခြင်း မိုဃ်းကို ရွာ စေတော် မ မူမှီတိုင်အောင်၊ ကိုယ်တော် ကို ရှာ ရသောအချိန် ရောက်လေပြီ။

13သင်တို့သည် ဒုစရိုက် မျိုးစေ့ကို ကြဲလို၍ လယ်ထွန် သောကြောင့်၊ အပြစ် စပါးကိုရိတ် ရကြ၏။ မုသာ အသီးအနှံ ကို စား ရကြ၏။ အကြောင်း မူကား၊ ကိုယ် ကြံစည် ပြုမူခြင်းကို၎င်း၊ ကိုယ် ၌ များစွာ သော သူရဲ တို့ကို၎င်းကိုးစား တတ်၏။

14ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။

15ထိုသို့ ဗေသလ သည် သင် တို့ဒုစရိုက် အပြစ်များ ကြောင့် သင် တို့၌ ပြု လိမ့်မည်။ နံနက် အချိန်သည် လွန်တတ်သကဲ့သို့၊ ဣသရေလ ရှင် ဘုရင်သည် ရှင်းရှင်းကွယ်ပျောက် ရလိမ့်မည်။

← ဟောရှေအနာဂတ္တိကျမ်း 9Read In The App, Free →ဟောရှေအနာဂတ္တိကျမ်း 11 →

Study ဟောရှေအနာဂတ္တိကျမ်း 10

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314