ဟောရှေအနာဂတ္တိကျမ်း 13:3
ထိုကြောင့် ၊ သူတို့သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ကွယ်ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ၊ ကောက်နယ် တလင်းမှ လေဘွေ တိုက်သွားသော ဖွဲ ကဲ့သို့ ၎င်း ၊ မီးဖို ထဲက ထွက်သော မီးခိုး ကဲ့သို့ ၎င်း ဖြစ် ရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
Psalms 1:4မတရား သောသူတို့ မူကား ထို ကဲ့သို့မ ဟုတ်။ လေ တိုက်၍ လွင့် သောဖွဲ နှင့်တူ ကြ၏။
Psalms 83:12ဤသူ တို့၏မှူးမတ် များကို၎င်း ၊ ဇေဘဟ မင်းနှင့် ဇာလမုန္န မင်းကဲ့သို့ ဤသူ တို့၏မင်းသား အပေါင်း ကို၎င်း ဖြစ် စေတော်မူပါ။
Isaiah 41:15ငါ သည် သင့်ကို အသွား ရှိ သောစပါးနယ်စရာ ယန္တရား စက် အသစ် ဖြစ် စေမည်။ သင်သည် တောင် ကြီး တို့ကို နယ်၍ ညက် စေမည်။ တောင် ငယ်တို့ကို ဖွဲ ကဲ့သို့ ဖြစ် စေမည်။
Hosea 6:4အိုဧဖရိမ် ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ အိုယုဒ ၊ သင် ၌ အဘယ် သို့ငါပြု ရမည်နည်း။ သင် တို့ကြည်ညို သောစိတ် သည် နံနက် မိုဃ်းတိမ် ကဲ့သို့ ၎င်း ၊ စောစော ပျောက် တတ်သော နှင်း ကဲ့သို့ ၎င်း ဖြစ်၏။