Isaiah 41:15
ငါသည် သင့်ကို အသွားရှိသော စပါးနယ်စရာ ယန္တရားစက် အသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီး တို့ကို နယ်၍ ညက်စေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ ဖြစ်စေမည်။
1835 Judson Burmese Bible
In The King James Version
In Context
Cross References
Joshua 17:18တောင်သည်လည်း သင်တို့အဘို့ ဖြစ်လိမ့်မည်။ သစ်ပင်များလျှင် ခုတ်လှဲရမည်။ ထွက်ရာလမ်းတို့သည် လည်း သင်တို့အဘို့ဖြစ်လိမ့်မည်။ ခါနနိလူတို့သည် ခွန်အားကြီး၍ သံရထားနှင့်ပြည့်စုံသော်လည်း၊ သူတို့ကို နှင်ထုတ်ကြလိမ့်မည်ဟု ဧဖရိမ်အမျိုး၊ မနာရှေအမျိုး တည်းဟူသော ယောသပ်အမျိုးသားတို့အား ပြောဆို၏။
Job 41:30သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။
Isaiah 21:10ငါနင်းနယ်၍ ငါ့တလင်းပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား၊ ဣသရေလ အမျိုး၏ ဘုရား သခင်မိန့်တော်မူသည်ကို ငါကြားရသည် အတိုင်း၊ သင်တို့အား ငါဆင့်ဆိုသတည်း။
Micah 4:13အို ဇိအုန်သတို့သမီး၊ ထ၍ နယ်လော့။ သင့် ဦးချိုကို သံဖြင့်၎င်း၊ သင့်ခွာတို့ကို ကြေးဝါဖြင့်၎င်း ငါပြီး စေမည်။ သင်သည် လူမျိုးများတို့ကို ညက်ညက်ချေရမည်။ သူတို့တွင်ရသမျှသော စည်းစိမ်ဥစ္စာကိုယူ၍၊ မြေတပြင် လုံးကို အစိုးပိုင်တော်မူသော အရှင်ထာဝရဘုရားအား ပူဇော်ရမည်။
Zechariah 4:7အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူ များတို့က၊ ကျေးဇူးတော်ရှိပါစေသော။ ကျေးဇူးတော်ရှိပါ စေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွဋ်ကျောက်ကို တင်ထားရလိမ့်မည်။