ဟောရှေအနာဂတ္တိကျမ်း 13:6
ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
Deuteronomy 6:10သင်မ တည် သော မြို့ ကြီး မြို့မြတ် တို့ကို၎င်း ၊ သင်မ ဖြည့် ဘဲကောင်း သောအရာနှင့်ပြည့် သောအိမ် တို့ကို၎င်း၊ သင်မ တူး သော ရေတွင်း တို့ကို၎င်း ၊ သင်မ စိုက်ပျိုး သော စပျစ်ဥယျာဉ် နှင့် သံလွင်ပင် တို့ကို၎င်း၊ သင့် အား ပေး ခြင်းငှာ၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော ပြည် သို့ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုဆောင်သွင်း တော်မူ၍၊ သင်သည်ဝစွာ စား လျက်နေရသောအခါ၊
Deuteronomy 32:13မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
Nehemiah 9:25ထိုသို့သူတို့သည် ခိုင်ခံ့ သောမြို့ များ၊ မြေကောင်း သောပြည် ၊ ဥစ္စာနှင့် ပြည့် သောအိမ် ၊ တူး ပြီးသောရေတွင်း ၊ များပြားသော စပျစ် ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အသီး သီးသော အပင် တို့ကိုသိမ်းယူ ၍ ၊ ဝ စွာစား သောက်လျက် အသားဆူဖြိုး ၍ ကျေးဇူး တော်ကြွယ်ဝ ခြင်း၌ မွေ့လျော် ကြ၏။
Psalms 10:4မတရား သောသူသည် မာန ထောင်လွှား သောကြောင့် ၊ မ စဉ်းစား တတ်ပါ။ ဘုရား သခင်မ ရှိဟု အစဉ် အောက်မေ့ တတ်ပါ၏။
Isaiah 17:10သင့် ကို ကယ်တင် တော်မူသောဘုရား သခင်ကို သင်သည် မေ့လျော့ ၍ ၊ မိမိ ခိုလှုံ ရာ ကျောက် ကို မိမိမ အောက်မေ့ သောကြောင့်၊ သာယာ သော ပျိုး ပင် တို့နှင့်၊ တကျွန်းတနိုင်ငံအညွန့် တို့ကို စိုက်ပျိုး ၍၊
Ezekiel 23:35သို့ဖြစ်၍ ၊ သင်သည် ငါ့ ကို မေ့လျော့ ၍ ၊ သင့် ကျော နောက်သို့ ငါ့ ကိုပစ် လိုက်သောကြောင့် ၊ သင် သည် အဓမ္မ အမှုနှင့် မတရား သောမေထုန် အမှု၏ အပြစ်ကိုခံ လော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။