ဟောရှေအနာဂတ္တိကျမ်း 13:5
အလွန် သွေ့ခြောက်သော အရပ် တည်းဟူသော တော ၌ ပင် သင့် ကို ငါ သိ ပြီ။ ကျက်စား ရာအရပ်၌ ဝပြော စွာ စားရကြ၏။
မြန်မာကျမ်းစာ
In The King James Version
I did know thee in the wilderness, in the land of great drought.
In Context
6ဝ သောအခါ ဝါကြွား သောစိတ် ရှိ၍ ငါ့ ကို မေ့လျော့ ကြ၏။
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
Deuteronomy 2:7သင် တို့ပြု လေရာရာ၌ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူပြီ။ ဤ တော ကြီး ၌ သင် တို့လှည့်လည် သော အကြောင်း အရာတို့ကို သိ တော်မူ၏။ အနှစ် လေးဆယ် ပတ်လုံးသင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှ မ လို ဟု ဆင့်ဆိုရ၏။
Deuteronomy 32:10လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
Psalms 31:7ကရုဏာ တော်ကြောင့် ဝမ်းသာ ရွှင်လန်း ခြင်း ရှိပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ် တွေ့ သောအမှုကို သိ မှတ် တော်မူ၏။
Psalms 142:3အကျွန်ုပ် သည် စိတ်ပျက် လျက် ရှိသောအခါ ၊ အကျွန်ုပ် သွားသောလမ်း ကို ကိုယ်တော် သိ တော်မူ၏။ အကျွန်ုပ် သွား သောလမ်း ၌ ကျော့ကွင်း ကို ဝှက်ထား ကြ ပါပြီ။
Jeremiah 2:6သူတို့က၊ ငါ တို့ကို အဲဂုတ္တု ပြည် မှ ကယ်နှုတ် ၍၊ တော တရှောက် လုံး၊ လွင်ပြင် ၊ မြေတွင်း နှင့်ပြည့်စုံသော ပြည်၊ သွေ့ခြောက်၍ သေမင်းအရိပ် လွှမ်းမိုးသောပြည် ၊ ခရီး သွားသောသူ၊ နေရာ ကျသောသူ မ ရှိသော ပြည်တရှောက် လုံးသို့ပို့ဆောင်သော ထာဝရဘုရား သည် အဘယ်မှာ ရှိတော်မူသနည်းဟု မ မေး ကြ။
Hosea 9:10တော ၌ စပျစ်သီး ကဲ့သို့ ဣသရေလ အမျိုးကို ငါ တွေ့ ၏။ သီး စသော သင်္ဘော သဖန်းပင်၌ အဦးဆုံးမှည့် သော သင်္ဘောသဖန်းသီးကဲ့သို့သင် တို့ဘိုးဘေး များကို ငါမြင် ၏။ သူတို့သည် ကိုယ်အလိုအလျောက် ဗာလပေဂုရ ဘုရားထံသို့သွား ၍ ၊ ထိုရှက်ဘွယ် သော အရာအဘို့ ကိုယ်ကိုအပ်နှံ သဖြင့် တပ်မက် သည်အတိုင်း စက်ဆုပ် ရွံရှာဘွယ်သော အမှုတို့ကို ပြု ကြ၏။