ဟောရှေအနာဂတ္တိကျမ်း 13:8
သား ပျောက်သော ဝံ မကဲ့သို့ သူ တို့ကို ငါဆီးကြို၍၊ သူ တို့နှလုံး ၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့ မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စား မည်။ တော သားရဲ ဖြစ်၍အပိုင်းပိုင်းဆွဲဖြတ် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 13
Cross References
2 Samuel 17:8ခမည်းတော် နှင့် သူ ၏လူ တို့သည် ခွန်အား ကြီးသောသူဖြစ်ကြောင်း ကို၎င်း ၊ ယခုမူကား တော ၌ သားငယ် ပျောက်သော ဝံမ ကဲ့သို့ ပြင်းထန် သောစိတ် ရှိကြောင်းကို၎င်း၊ ကိုယ်တော် သိ တော်မူ၏။ ခမည်းတော် သည်လည်း စစ်သူရဲ ဖြစ်၍ လူ များတို့နှင့်အတူ မ အိပ် တတ်။
Psalms 80:13တော ဝက် သည် ထိုအပင် ကို ကိုက်ခဲ ၍၊ တော သားရဲ သည်လည်း စား ပါ၏။
Isaiah 5:29သူ တို့အသံဗလံ သည် ခြင်္သေ့ ဟောက်သံနှင့်တူ ၍၊ ခြင်္သေ့ ပျိုကဲ့သို့ ဟောက် ကြလိမ့်မည်။ ဟောက် လျက် အကောင်ကိုဘမ်း ၍ ဆောင်သွား ကြလိမ့်မည်။ အဘယ်သူ မျှ မကယ် မနှုတ်ရ။
Jeremiah 12:9ငါ့ အမွေ သည် ဇဘော သားရဲ ကဲ့သို့ငါ့ အား ဖြစ်၏။ ပတ်လည် ၌ ရှိသောသားရဲ တို့သည် တိုက် ကြ၏။ လာကြ။ တော သားရဲ အပေါင်း တို့၊ စည်းဝေး ကြ။ ကိုက်စား ခြင်းငှါ လာ ကြစေ။