ဟောရှေအနာဂတ္တိကျမ်း 2:13
ဗာလဘုရားတို့အားနံ့သာပေါင်းကို မီးရှို့ ၍ နှာခေါင်း ဆွဲနှင့် လည်ဆွဲ တန်ဆာ ကို ဆင်လျက် ရည်စား များ နောက် သို့လိုက် သဖြင့် ၊ ငါ့ ကို မေ့လျော့ ၍ ဗာလ ဘုရား တို့ လက်ထက် ၌ ပြုမိသောအပြစ်နှင့်အလျောက်ငါစီရင် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Exodus 32:34သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
Deuteronomy 8:11ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
Judges 2:11ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။
Judges 10:6တဖန် ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ၊ ဗာလ ဘုရား၊ အာရှတရက် ဘုရား၊ ရှုရိ ဘုရား ၊ ဇိဒုန် ဘုရား ၊ မောဘ ဘုရား ၊ အမ္မုန် ဘုရား ၊ ဖိလိတ္တိ ဘုရား တို့ကို ဝတ်ပြု ၍ ထာဝရဘုရား ကို ဝတ် မ ပြုစွန့် ထားကြ၏။
1 Kings 16:31နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ်လမ်းသို့သာလိုက် လျှင် ၊ သာမညအပြစ်ရောက်မည် ဟု ထင်မှတ်လျက်၊ ဇိဒုန် မင်းကြီး ဧသဗာလ သမီး ယေဇဗေလ နှင့်စုံဘက် ၍ ၊ ဗာလ ဘုရားကို ဝတ်ပြု ကိုးကွယ် ၏။
2 Kings 1:2အာခဇိ မင်းသည် ရှမာရိ မြို့၌ အထက် အခန်း ပြတင်းပေါက် မှ ကျ ၍ နာ နေသောကြောင့် ၊ ငါသည် ဤ အနာ မှာ ထမြောက် မည်လောဟု ဧကြုန် မြို့၏ ဘုရား ဗာလဇေဗုပ် သို့ သွား ၍ မေးမြန်း ကြဟု မှာ ထား၍ သံတမန် တို့ကို စေလွှတ် လေ၏