ဟောရှေအနာဂတ္တိကျမ်း 2:18
ထိုကာလ ၌ ငါသည်သူ တို့အတွက် ၊ တော သားရဲ ၊ မိုဃ်း ကောင်းကင်ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်များနှင့် မိဿဟာယ ဖွဲ့၍ ၊ လေး ၊ ထား ၊ စစ်တိုက် လက်နက်တို့ကို မြေ ပေါ်က ပယ်ရှား သဖြင့် သူ တို့သည် စိုးရိမ် ခြင်းမရှိဘဲ အိပ် ရကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 2
Cross References
Job 5:23အကြောင်း မူကား၊ လယ် ၌ကျောက်ခဲ တို့သည် သင် နှင့် ပဋိညာဉ် ပြု၍ တော သားရဲ တို့သည် သင် နှင့် မိဿဟာယ ဖွဲ့ကြလိမ့်မည်။
Psalms 46:9လေး ကိုချိုး လျက် ၊ လှံ ကိုအပိုင်းပိုင်းဖြတ် လျက်၊ ရထား ကိုမီး ရှို့ လျက် ၊ မြေကြီး စွန်း တိုင်အောင် စစ်မှု ကို ငြိမ်း စေတော်မူ၏။
Isaiah 2:4ထာဝရဘုရားသည် လူမျိုး တို့တွင် တရား စီရင်၍ ၊ များပြား သောသူ တို့ကို ဆုံးမ တော်မူသဖြင့် သူ တို့ထား လက်နက်များကိုထွန်သွား ဖြစ်စေခြင်းငှာ ၎င်း ၊ လှံ များကို တံစဉ် ဖြစ်စေခြင်းငှါ ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကို တပြည် စစ် မ တိုက်၊ စစ် အတတ်ကိုလည်း နောက် တဖန်မ သင် ရကြ။
Isaiah 2:17ထိုကာလ၌ လူ တို့၏မာန ကို ရှုတ်ချ ၍ ၊ လူ တို့၏ စိတ် မြင့်သော သဘောကိုနှိမ့် ရမည်။ ထာဝရဘုရား တပါး တည်းသာ ချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
Isaiah 26:1ထို ကာလ ၌ ယုဒ ပြည် မှာ သီချင်း ဆို လတံ့သောစကားဟူမူကား၊ ငါ တို့၌ ခိုင်ခံ့ သော မြို့ ရှိ၏။ ကယ်တင် ခြင်း ကျေးဇူးကို ပြအိုး ၊ ရင်တား အရာ၌ စီရင် ခန့်ထားတော်မူလိမ့်မည်။
Isaiah 65:25တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။