Isaiah 65:25
တောခွေး နှင့် သိုးသငယ် တို့သည် အတူကျက်စား ကြလိမ့်မည်။ ခြင်္သေ့ သည်နွား ကဲ့သို့ မြက် ကိုစား လိမ့်မည်။ မြွေ မူကား ၊ မြေမှုန့် ကိုသာ စား ရလိမ့်မည်။ ငါ ၏ သန့်ရှင်း သောတောင် တပြင် လုံး၌ အချင်းချင်းညှဉ်းဆဲ ခြင်း၊ ဖျက်ဆီး ခြင်းကို မ ပြုရကြဟု ထာဝရဘုရား မိန့် တော်မူ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
24ငါသည် သူတို့မခေါ် မှီ ကပင် ထူး မည်။ လျှောက် စဉ်တွင် ပင် ငါ နားထောင် မည်။
Cross References
Genesis 3:14ထာဝရ အရှင်ဘုရား သခင်သည် မြွေ ကိုခေါ် ၍ သင်သည် ဤ အမှုကို ပြု သောကြောင့် သားယဉ် သားရဲ အပေါင်း တို့ထက် ကျိန် ခြင်းကို ခံရ၏။ သင် သည် ဝမ်း ဖြင့် သွား ၍ မြေမှုန့် ကို တသက်လုံး စား ရမည်။
Isaiah 11:6တောခွေး သည် သိုးသငယ် နှင့်အတူ နေ လိမ့်မည်။ ကျားသစ် သည် ဆိတ်သငယ် နှင့်အတူ အိပ် လိမ့်မည်။ နွားသငယ် ၊ ခြင်္သေ့ သငယ်၊ ဆူ အောင်ကျွေးသော အကောင်တို့သည် အတူ သွားလာကြ၍ ၊ လူသူငယ် သည် သူ တို့ကို ပို့ဆောင် လိမ့်မည်။
Isaiah 11:9ငါ ၏ သန့်ရှင်း သောတောင် တပြင်လုံး ၌ အချင်းချင်း ညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြ။ အကြောင်းမူကား၊ ပင်လယ် ရေသည် မိမိနေရာကို လွှမ်းမိုး သကဲ့သို့ ၊ မြေကြီး သည် ထာဝရဘုရား ကို သိကျွမ်း ခြင်းပညာနှင့် ပြည့်စုံ လိမ့်မည်။
Isaiah 65:11သင် တို့မူကား ၊ ထာဝရဘုရား ကိုစွန့်ပစ် သောသူ၊ ငါ ၏သန့်ရှင်း သော တောင် ကိုမေ့လျော့ သောသူ၊ ဂါဒ ဘုရားရှေ့မှာ စားပွဲ ကိုခင်း ၍ ၊ မေနိ ဘုရားအား သွန်းလောင်း ရာ ပူဇော် သက္ကာကို ပြင်သောသူဖြစ် ကြ၏။
Micah 4:3ထာဝရဘုရားသည် များပြား သော လူ တို့တွင် တရား စီရင်၍ ၊ ဝေး စွာ နေလျက် အားကြီး သော လူမျိုး တို့ကို ဆုံးမ တော်မူ သဖြင့် ၊ သူ တို့ ထား လက်နက်များကို ထွန်သွား ဖြစ် စေခြင်းငှါ ၎င်း ၊ လှံ များကို တံစဉ်း ဖြစ် စေခြင်းငှါ၎င်း ထုလုပ် ကြ လိမ့်မည်။ တပြည် ကိုတပြည်စစ်မ တိုက် ၊ စစ် အတတ်ကို လည်း နောက် တဖန် မ သင် ရကြ။
Zechariah 8:3ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။