ဟောရှေအနာဂတ္တိကျမ်း 4:15
အိုဣသရေလအမျိုး၊ ဥင်သည် ပြည်တန်ဆာလုပ်သော်လည်း၊ ယုဒ အမျိုးကို မမှားယွင်းပါစေနှင့်။ ဂီလဂါလမြို့သို့ မချဉ်းကပ် ကြနှင့်။ ဗေသဝင်မြို့သို့ မသွားကြနှင့်။ ထာဝရဘုရား အသက်ရှင်တော်မူသည် အတိုင်းဟူ၍ မကျိန်ဆိုကြနှင့်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Joshua 5:9ထားဝရဘုရားကလည်း၊ အဲဂုတ္တုပြည်နှင့် ဆိုင် သော ကဲ့ရဲ့စရာအကြောင်းကို သင်တို့မှ ယနေ့ ငါပယ် ရှင်းပြီဟု ယောရှုအား မိန့်တော်မူ၏။ သို့ဖြစ်၍ ထိုအရပ် ကို ဂိလဂါလဟု ယနေ့တိုင်အောင် ခေါ်ဝေါ်သတည်း။
1 Kings 12:28သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
2 Kings 17:18ထိုကြောင့် ထာဝရဘုရားသည် ဣသရေလ အမျိုးကို ပြင်းစွာ အမျက်ထွက်၍ မျက်မှောက်တော်မှ ပယ်ရှားတော်မူ၏။ ယုဒအမျိုးမှတပါး အခြားသော အမျိုးမကျန်ကြွင်းရ။
2 Chronicles 21:11ယုဒတောင်တို့ အပေါ်မှာ၊ မြင့်သောအရပ်တို့ကို တည်လုပ်သဖြင့်၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ သည် တပါးအမျိုးသားတို့၏ ဘုရားနှင့် မှားယွင်းရမည် အကြောင်း၊ အနိုင်အထက်ပြုသတည်း။
Jeremiah 3:6ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။
Ezekiel 20:39အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။