ဟောရှေအနာဂတ္တိကျမ်း 4:16
ဣသရေလ အမျိုးသည် ရုန်း တတ်သော နွား မပျိုကဲ့သို့ ဆန့်ကျင် ဘက်ပြုတတ်၏။ ယခုမှာထာဝရဘုရား သည် ကျယ် သောအရပ်၌ သိုးသငယ် ကိုထိန်း သကဲ့သို့ ၊ ဣသရေလ အမျိုးကို ပြုတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
17ဧဖရိမ် သည်ရုပ်တု တို့၌စွဲကပ် လျက်ရှိ၏။ သူ့ ကို တတ် တိုင်းရှိစေလော့။
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
Leviticus 26:33သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။
Isaiah 5:17ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
Isaiah 22:18တလိမ့်လိမ့် လှိမ့် လျက်၊ လောက်လွှဲစာကဲ့သို့ ကျယ် သောပြည် သို့ ပစ်လိုက်တော်မူလိမ့်မည်။ သင်သည် ထို ပြည်၌ သေ ရလိမ့်မည်။ ထို ပြည်၌ လည်း သင် ၏ ကြက်သရေ ရထား တို့သည်၊ သင့် အရှင် ၏ အမျိုး အရှက်ကွဲ စရာ ဖြစ်ရကြလိမ့်မည်။
Jeremiah 3:8ဖောက်ပြန် သော ဣသရေလ သည် မတရား သောမေထုန် ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူ နှင့်ငါကွာ ၍ ဖြတ်စာ ကို အပ် သော်လည်း ၊ သစ္စာပျက် သောညီမ ယုဒ သည်လည်း၊ မ ကြောက် ဘဲသွား ၍ ၊ ပြည်တန်ဆာ လုပ်ကြောင်း ကို ငါမြင် ရ၏။
Jeremiah 5:6ထိုကြောင့်၊ တော မှ လာသော ခြင်္သေ့ သည် သူ တို့ ကိုသတ် လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူ တို့ကို ကိုက်စား လိမ့်မည်။ ကျားသစ် သည် သူ တို့မြို့ ကို စောင့် ၍၊ မြို့ပြင်သို့ထွက်သွား သောသူ အပေါင်းတို့ကို အပိုင်းပိုင်းကိုက်ဖြတ် လိမ့်မည်။ အကြောင်း မူကား ၊ သူ တို့ပြစ်မှားသော အပြစ် များ ၍၊ အကြိမ်ကြိမ်အထပ်ထပ်ဖောက်ပြန် ကြပြီ။
Jeremiah 8:5ဤလူမျိုးတည်းဟူသောယေရုရှလင် မြို့သား တို့သည် ထာဝရဖောက်ပြန် ခြင်းအားဖြင့်အဘယ်ကြောင့် ဖောက်ပြန် ကြသနည်း။ မုသာ ကို စွဲလမ်း ကြ၏။ ငါတို့သည် ပြန် ၍မလာဟု ခိုင်မာစွာ ဆို ကြ၏။