The Bible Software
bible.software › ဟောရှေအနာဂတ္တိကျမ်း › ဟောရှေအနာဂတ္တိကျမ်း 4 › ဟောရှေအနာဂတ္တိကျမ်း 4:5

ဟောရှေအနာဂတ္တိကျမ်း 4:5

ထိုကြောင့် ၊ နေ့ အချိန်၌ သင်သည်လဲ ရလိမ့်မည်။ ညဉ့် အချိန်၌ သင် နှင့်အတူ ပရောဖက် သည်လည်း လဲ ရ လိမ့်မည်။ သင့် အမိ ကိုလည်း ငါဖျက်ဆီး မည်။

မြန်မာကျမ်းစာ

In The King James Version

Therefore shalt thou fall in the day, and the prophet also shall fall with thee in the night, and I will destroy thy mother.

In Context

4သို့ရာတွင် ၊ အဘယ် သူမျှမ ဆီးတား စေနှင့်။ အဘယ် သူမျှမ ဆုံးမ စေနှင့်။ အကြောင်း မူကား၊ သင် ၏ အမျိုးသား ချင်းတို့သည် ယဇ်ပုရောဟိတ် နှင့် ဆန့်ကျင်ဘက် ပြုသောသူကဲ့သို့ ဖြစ်ကြ၏။

6ငါ့ လူ တို့သည် ပညာ နည်း သောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာ ကိုပယ် သောကြောင့် ၊ ငါ့ ယဇ် ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါ သင့် ကို ငါပယ် မည်။ သင် ၏ ဘုရား သခင့်တရား ကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီး တို့ကို ငါ့မေ့လျော့ မည်။

Read all of ဟောရှေအနာဂတ္တိကျမ်း 4

Cross References

Isaiah 9:13ဤလူ မျိုးသည် ဒဏ်ခတ် တော်မူသောသူထံ သို့ မ လှည့် မပြန်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို မ ရှာ မဖွေတတ်။

Jeremiah 6:4သူ့ ကို စစ်တိုက် ခြင်းငှါပြင် ကြလော့။ ထ ကြ။ မွန်းတည့် အချိန်၌ တက် သွားကြကုန်အံ့။ ငါ တို့၌ ခက် လှ ၏။ မွန်းလွဲ ပြီ။ မိုဃ်းချုပ် လေပြီ။

Jeremiah 6:15သူတို့သည် ရွံရှာ ဘွယ်သော အမှုကိုပြု ပြီးမှ ရှက် ကြသလော။ အလျှင်းမ ရှက် ကြ။ မျက်နှာ မ ပျက် တတ်ကြ။ ထိုကြောင့်၊ တယောက်နောက်တယောက်လဲ ကြ လိမ့်မည်။ ငါစစ်ကြော သောအခါ နှိမ့်ချ ခြင်းသို့ ရောက်ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။

Jeremiah 14:15ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ပြည် ၌ ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးမ ရှိ ရဟု၊ ငါ မ စေလွှတ် ဘဲ ၊ ငါ့ နာမ ကို အမှီပြု ၍၊ ကိုယ်အလိုအလျောက်ဟောပြော သော ပရောဖက် တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေးဖြင့် ဆုံး ရကြလိမ့်မည်။

Jeremiah 23:9ပရောဖက် များနှင့် ဆိုင်သော စကားဟူမူကား၊ ထာဝရဘုရား ကြောင့် ၎င်း ၊ သန့်ရှင်း သော စကား တော် ကြောင့် ၎င်း ငါ့ စိတ် ပျက် လျက်ရှိ၏။ ငါ့ အရိုး ရှိသမျှ တို့သည် လှုပ်ရှား ကြ၏။ ယစ်မူး သောသူ နှင့် စပျစ်ရည် နိုင် သော သူ ကဲ့သို့ ငါဖြစ် ၏။

Ezekiel 13:9အချည်းနှီး သော အရာကိုမြင် ၍ မုသာ စကားကို ဟောပြော တတ်သော ပရောဖက် တို့ကို ငါ ဆီးတားသဖြင့်၊ သူတို့သည် ငါ ၏ပရိသတ် စည်းဝေး ရာသို့ မ ဝင် ရကြ။ ဣသရေလ အမျိုး ၏ စာရင်း ၌ သူတို့အမည် ကို မ သွင်းရ။ ဣသရေလ ပြည် ၌ နေရာ မ ချရ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိရ ကြလိမ့်မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ဟောရှေအနာဂတ္တိကျမ်း 4:5

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ဟောရှေအနာဂတ္တိကျမ်း 4:4ဟောရှေအနာဂတ္တိကျမ်း 4ဟောရှေအနာဂတ္တိကျမ်း 4:6 →