ဟောရှေအနာဂတ္တိကျမ်း 4:6
ငါ့ လူ တို့သည် ပညာ နည်း သောကြောင့် ဆုံးရှုံး ကြ၏။ သင်သည် ပညာ ကိုပယ် သောကြောင့် ၊ ငါ့ ယဇ် ပုရောဟိတ်အဖြစ်သို့ မရောက်စေခြင်းငှါ သင့် ကို ငါပယ် မည်။ သင် ၏ ဘုရား သခင့်တရား ကို သင်မေ့လျော့ သောကြောင့် ၊ သင် ၏ သားသမီး တို့ကို ငါ့မေ့လျော့ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 4
Cross References
1 Samuel 2:28ငါ ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ခြင်း၊ နံ့သာပေါင်း ကို မီး ရှို့ခြင်း၊ ငါ့ ရှေ့ မှာ သင်တိုင်း ကို ဝတ် ခြင်း အမှုကို စောင့်ရသောငါ ၏ ယဇ်ပုရောဟိတ် ဖြစ်စေခြင်းငှါ ၊ သူ့ ကို ဣသရေလ အမျိုး အပေါင်း တို့ အထဲက ငါရွေးကောက် သည် မဟုတ်လော။ ဣသရေလ အမျိုးသား တို့သည် မီး ဖြင့်ပြုသောပူဇော်သက္ကာ ရှိသမျှ တို့ကို၊ သင့် အဘ ၏ အမျိုး အား ငါပေး သည်မဟုတ်လော။
2 Kings 17:16မိမိ တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်ရှိသမျှ တို့ကို စွန့် ၍ နွားသငယ် တည်းဟူသောသွန်းသောရုပ်တု နှင့် အာရှရ ပင်ကို လုပ် ကြ၏။ မိုဃ်း ကောင်းကင်တန်ဆာ များကို ကိုးကွယ် ၍ ဗာလ ဘုရားကိုလည်း ဝတ်ပြု ကြ၏
Job 36:12နား မ ထောင်လျှင် ထား ဘေးဖြင့် ဆုံး ၍ ၊ ပညာ အတတ်မ ရှိဘဲ သေ တတ်ကြ၏။
Psalms 119:61မ တရားသောသူ အစည်း အဝေးတို့သည် အကျွန်ုပ် ကိုဝိုင်း ကြသော်လည်း၊ အကျွန်ုပ်သည် တရား တော်ကို မ မေ့ မလျော့ပါ။
Proverbs 1:30ငါ သတိ ပေးခြင်းကို အလျှင်းနာ မ ခံကြ။ ငါ ဆုံးမ ခြင်းရှိသမျှ ကို မထီမဲ့မြင် ပြုကြ၏။
Isaiah 1:3နွား သော်လည်းမိမိ အရှင် ကိုသိ ၏။ မြည်း သော်လည်း မိမိ သခင် ၏ မြည်းဇောင်း ကို သိ၏။ ဣသရေလ အမျိုးသားတို့မူကား၊ ငါ့ကိုမ သိ ကြ။ ငါ ၏လူမျိုး မူကား၊ မ ဆင်ခြင် တတ်ပါတကား။