ဟောရှေအနာဂတ္တိကျမ်း 5:9
ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 5
Cross References
Isaiah 28:1စပျစ် ရည်နှင့် ယစ်မူးသောသူတို့၏ နေရာကြွယ်ဝ သော ချိုင့် ဦး တွင် ၊ ဧဖရိမ် အမျိုး သေ သောက်ကြူးတို့၏ မာန သရဖူ နှင့်၊ သူ တို့၌ ညှိုးနွမ်း တတ်သော ဘုန်း အသရေ၏ ပန်း ပွင့်သည် အမင်္ဂလာ ရှိ၏။
Isaiah 46:10အဦး မှစ၍ အဆုံး တိုင်အောင်၎င်း၊ ရှေး ကာလမှ စ၍မ ဖြစ် သေးသော အမှုအရာတို့ကို၎င်းဘော်ပြ လျက် ၊ ငါ့ အကြံ တည် လိမ့်မည်။ ငါ့ အလို ရှိသမျှ ကို ငါပြည့်စုံ စေမည် ဟု ဆို လျက်၊
Isaiah 48:5အထက် က သင့် အား ငါဟော ပြီ။ အမှုမ ဖြစ် မှီငါဘော်ပြ ပြီ။ သို့ဖြစ်၍သင်က၊ ငါ ၏ရုပ်တု သည် ဤအမှု ကို ပြု ပြီ။ ငါ ထုသော ရုပ်တု ၊ ငါ သွန်းသော ရုပ်တု သည် ဤအမှု ကို စီရင် ပြီဟု ပြော ရသော အခွင့်မရှိ။
Hosea 5:14အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။
Hosea 8:8ဣသရေလ အမျိုးသည် တိမ်မြုပ် လေပြီ။ အဘယ် သူမျှ မနှစ်သက် သော တန်ဆာ ကဲ့သို့ တပါးအမျိုးသား တို့ တွင် ရှိ ရလိမ့်မည်။
Hosea 9:11ဧဖရိမ် ၏ဘုန်း သည် ငှက် ကဲ့သို့ ပျံ သွားလိမ့်မည်။ သားဘွား ခြင်း၊ ကိုယ်ဝန် ဆောင်ခြင်း၊ ပဋိသန္ဓေ ယူခြင်း မရှိရ။