The Bible Software
ဟောရှေအနာဂတ္တိကျမ်း · မြန်မာကျမ်းစာ

ဟောရှေအနာဂတ္တိကျမ်း 5

1အို ယဇ်ပုရောဟိတ် တို့၊ ကြား ကြလော့။ အိုဣသရေလ အမျိုးသား တို့၊ နားထောင် ကြလော့။ အို နန်းတော် သားတို့၊ မှတ်မိ ကြလော့။ သင် တို့သည် စစ်ကြော စီရင်ခြင်းကိုခံရကြမည်။ အကြောင်း မူကား၊ သင်တို့သည် မိဇပါ တောင်ပေါ် မှာကျော့ကွင်း ၊ တာဗော် တောင်ပေါ် မှာထောင် သော ပိုက် ဖြစ် ကြပြီ။

2ယဇ်ကောင် တို့ကိုသတ် သောအားဖြင့် မိမိတို့အပြစ် ကို များပြားစေကြ၏။ ထိုကြောင့် ၊ ငါ သည် ထိုသူ အပေါင်း တို့၌ အပြစ် ဒဏ်ပေးမည်။

3ဧဖရိမ် ကို ငါ သိ ၏။ ဣသရေလ သည်လည်း ငါ့ ရှေ့မှ ပုန်းရှောင် ၍ မ နေနိုင်။ ယခု ပင် အိုဧဖရိမ် ၊ သင်သည်မှားယွင်း ၍ ဣသရေလ သည် ညစ်ညူး ခြင်းရှိ၏။

4သူ တို့သည်ပြုမြဲပြုသောကြောင့်၊ သူ တို့၏ဘုရား သခင့်ထံ တော်သို့ပြန် ၍ မ လာနိုင်ကြ။ မှားယွင်းသော သဘောစွဲလမ်းသည်ဖြစ်၍၊ ထာဝရဘုရား ကိုမ သိ ကြ။

5ဣသရေလ အမျိုး၏ မာန သည်သူ့ မျက်မှောက် ၌ နှိမ့်ချ ခြင်းသို့ရောက်သဖြင့် ၊ ဣသရေလ နှင့် ဧဖရိမ် သည် မိမိ တို့ အပြစ် ၌ လဲ ၍ ၊ သူ တို့နှင့်အတူ ယုဒ အမျိုးသည်လည်း လဲ လိမ့်မည်။

6သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။

7သူတို့သည်ထာဝရဘုရား ထံတော်၌ ခံသောသစ္စာ ကို ဖျက်ကြပြီ။ အကြောင်း မူကား၊ တပါး အမျိုးသားတို့ကို ဘွားမြင် ကြပြီ။ လဆန်း နေ့ရောက်မှ သူ တို့နှင့် သူ တို့ဥစ္စာ သည်ပျက်စီး လိမ့်မည်။

8ဂိဗာ မြို့၌ နှဲ ခရာကို၎င်း ၊ ရာမ မြို့၌ တံပိုး ကို၎င်းမှုတ် ကြလော့။ ဗေသဝင် မြို့၌ ကြွေးကြော် ကြလော့။ အိုဗင်္ယာမိန် အမျိုး၊ နောက် သို့ ကြည့်ကြလော့။

9ဣသရေလ အမျိုးအနွယ် တို့ကို ဆုံးမ သတိပေး သောနေ့ ၌ ဧဖရိမ် သည် ပျက်စီး ရ လိမ့်မည်။ ဆက်ဆက်ဖြစ်လတံ့သော အမှုကို ငါဘော်ပြ ၏။

10ယုဒ မင်း တို့သည် မြေ မှတ်တိုင်တို့ကို ရွှေ့ သော သူကဲ့သို့ ဖြစ် ကြ၏။ ငါသည်သူ တို့အပေါ် သို့ ငါ့ အမျက် ကို ရေ ကဲ့သို့ သွန်းလောင်း မည်။

11ဧဖရိမ် သည် ညှဉ်းဆဲ ခြင်းကို ခံရ၏။ တရား စီရင် ခြင်းနှင့်တွေ့၍ ဆုံးရှုံးရ၏။ အကြောင်း မူကား၊ အမိန့် တော်အတိုင်း ကျင့် လေပြီ။

12ထိုကြောင့် ၊ ငါ သည် ဧဖရိမ် ၌ ကိုက်တတ်သော ပိုး ကောင်၊ ယုဒ အမျိုး ၌ စား တတ်သော အနာကဲ့သို့ ဖြစ်မည်။

13ဧဖရိမ် သည် မိမိ အပေါက် တို့ကို၎င်း ၊ ယုဒ သည် မိမိ အနာ ကို၎င်း မြင် သောအခါ ၊ ဧဖရိမ် သည် အာရှုရိ မင်းထံသို့ သွား ၍ ၊ ယုဒသည် ရှင်ဘုရင် ယာရက် ထံသို့ စေလွှတ် သော်လည်း ၊ ထိုမင်းတို့သည် သင် တို့အပေါက်ကို မ ဖါ နိုင် ၊ အနာ ကိုလည်း မ ပျောက် စေနိုင်ကြ။

14အကြောင်း မူကား၊ ငါ သည် ဧဖရိမ် ၌ ခြင်္သေ့ ကဲ့သို့ ၎င်း ၊ ယုဒ အမျိုး ၌ ခြင်္သေ့ ပျိုကဲ့သို့ ၎င်း ဖြစ်မည်။ ငါ သည် ကိုယ်တိုင်ကိုက် ဖြတ်၍ သွား မည်။ ချီသွား ၍ အဘယ် သူမျှမ နှုတ်ရ။

15သူတို့သည် ကိုယ်အပြစ်ကို ဝန်မချ။ ငါ့ မျက်နှာ ကို မ ရှာ မှီတိုင်အောင်၊ ငါ သည် ကိုယ်နေရာ သို့ ပြန် သွား၍ နေမည်။ အမှု ရောက်သောအခါ ၊ သူ တို့သည် ငါ့ ကိုကြိုးစား၍ ရှာ ကြလိမ့်မည်။

← ဟောရှေအနာဂတ္တိကျမ်း 4Read In The App, Free →ဟောရှေအနာဂတ္တိကျမ်း 6 →

Study ဟောရှေအနာဂတ္တိကျမ်း 5

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

1234567891011121314