ဟောရှေအနာဂတ္တိကျမ်း 6:2
နှစ် ရက်လွန်ပြီးမှ ငါ တို့ကို အသက်ရှင် စေ၍၊ သုံး ရက်မြောက်သောနေ့ ၌ ထမြောက် စေတော်မူသဖြင့် ၊ အထံ တော်၌ ငါတို့သည် အသက်ရှင် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 6
Cross References
2 Kings 20:5သင်သည် ငါ့ လူ တို့၏ ဗိုလ်ချုပ် ဟေဇကိ မင်းထံသို့ တဖန် သွားပြီးလျှင် ၊ သင့် အဘ ဒါဝိဒ် ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ပဌနာ စကားကို ငါကြား ပြီ။ သင် ၏မျက်ရည် ကိုလည်း ငါမြင် ပြီ။ သင်၏အနာ ကို ငါ ပျောက်စေသဖြင့်၊ သင် သည်သုံး ရက် လွန်လျှင် ဗိမာန် တော်သို့ တက် ရလိမ့်မည်
Psalms 61:7ဘုရား သခင်ရှေ့ တော်၌ အနန္တ ကာလပတ်လုံးနေ တော်မူစေသတည်း။ ကရုဏာ နှင့် သစ္စာ တော်သည် သူ့ ကို စောင့်မ စေသတည်း။
Ezekiel 37:11ထာဝရဘုရားကလည်း၊ အချင်းလူသား ၊ ဤ အရိုး တို့သည် ဣသရေလ အမျိုး အပေါင်း ဖြစ်ကြ၏။ ငါ တို့အရိုး များသည် သွေ့ခြောက် ကြ၏။ မြော်လင့် စရာ မ ရှိ။ ငါတို့သည် ဆုံးရှုံး ကြပြီဟု သူ တို့ဆို တတ်ကြ၏။
Hosea 13:14သူ တို့ကို မရဏာ နိုင်ငံတန်ခိုး မှ ငါကယ်လွှတ် မည်။ သေ မင်းလက်မှ လည်း ရွေး မည်။ အိုသေမင်း ၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာ နိုင်ငံ၊ သင် ၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တ ရမည်အကြောင်းကို ပမာဏ မ ပြု။
Romans 14:8အသက် ရှင်လျှင် ၊ သခင်ဘုရားအဘို့ အလိုငှာ ရှင် ၏။ သေ လျှင် လည်း၊ သခင်ဘုရား အဘို့ အလိုငှာ သေ ၏။ ထိုကြောင့် အသင်ရှင် သည်ဖြစ်စေ ၊ သေ သည် ဖြစ်စေ ၊ သခင်ဘုရားဆိုင် တော်မူ၏။