ဟောရှေအနာဂတ္တိကျမ်း 6:3
ပညာ ကိုလည်း ရကြလိမ့်မည်။ ထာဝရဘုရား ကို သိ ခြင်းငှါ လိုက် ရှာကြလိမ့်မည်။ ထွက် တော်မူချိန်သည် နံနက် ကဲ့သို့ ဖြစ် လိမ့်မည်။ ရွာသောမိုဃ်း နှင့် မြေ အပေါ်သို့ ရွာ သော နောက် မိုဃ်းကဲ့သို့ သက်ရောက် တော်မူလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 6
Cross References
Deuteronomy 32:2ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
Job 29:23မိုဃ်းရေ ကိုငံ့လင့် သကဲ့သို့ ငါ့ ကို ငံ့လင့်လျက်၊ နောက်ကျ သော မိုဃ်းရေကို ခံချင်သကဲ့သို့ ၊ သူ တို့သည် ပစပ် ကို ကျယ်ကျယ်ဖွင့် လျက်နေကြ၏။
Psalms 65:9မြေကြီး ကို အကြည့် အရှုကြွလာ၍ ၊ မိုဃ်းကို များစွာရွာစေလျက်၊ ရေနှင့် ပြည့်သော ဘုရား သခင်၏ မြစ် အားဖြင့်အလွန်ကြွယ်ဝစေတော်မူ၏။ ထို သို့ မြေကို ပြုပြင်ပြီးမှ၊ မြေသား တို့အဘို့ စပါး ကို ပြုပြင် တော်မူ၏။
Proverbs 2:1ငါ့ သား ၊ သင်သည်ပညာ စကားကို နားထောင် ၍၊
Isaiah 5:6ဥယျာဉ် ကို ငါရှင်းရှင်းဖျက်ဆီးမည်။ အဘယ်သူမျှ မ ပြင်ဆင် ရ။ အဘယ်သူမျှမ တူး မဆွရ။ ဆူးပင် အမျိုးမျိုးပေါက် ကြလိမ့်မည်။ ထိုဥယျာဉ် အပေါ် မှာလည်း မိုဃ်း မရွာစေခြင်းငှါငါပညတ် မည်။
Isaiah 44:3အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။