ဟောရှေအနာဂတ္တိကျမ်း 8:10
တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
1835 Judson Burmese Bible
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 8
Cross References
2 Kings 15:19အာရှုရိရှင်ဘုရင် ပုလသည် ဣသရေလပြည်ကို တိုက်လာ၏။ မေနဟင်သည် မိမိအာဏာတည်စေမည် အကြောင်း၊ ပုလမင်းမစစေခြင်းငှါ၊ ငွေအခွက်တသောင်း ကို ဆက်ရ၏။
2 Kings 17:4နောက်တဖန်နှစ်တိုင်းဆက်ရသော အခွန်ကို မဆက်။ သွာအမည်ရှိသော အဲဂုတ္တုရှင်ဘုရင်ထံသို့ သံတမန်ကိုစေလွှတ်၍၊ ပုန်ကန်မည့်အကြံရှိသည်ကို အာရှုရိရှင်ဘုရင်သိသဖြင့်၊ ဟောရှေကိုဘမ်းဆီး၍ ထောင်ထဲမှာ ချုပ်ထားပြီးလျှင်၊
Isaiah 10:8သူသည် အဘယ်သို့ ဆိုသနည်းဟူမည်ကား၊ ငါ၏ မှုးမတ်တို့သည် မင်းကြီးဖြစ်ကြသည်မဟုတ်လော။
Isaiah 36:13ရာဗရှာခသည် ထ၍ ယုဒဘာသာ စကားအား ဖြင့် ကျယ်သောအသံနှင့် ကြွေးကြော်လျက်၊ မဟာအရှင် မင်းကြီး အာရှုရိ ရှင်ဘုရင်၏ အမိန့်တော်ကို နားထောင် ကြလော့။
Ezekiel 16:33ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။
Ezekiel 22:20ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။