ဟောရှေအနာဂတ္တိကျမ်း 8:13
ငါ နှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော်သောသူတို့ သည် ပူဇော်၍ ကိုယ်တိုင်စား ကြ၏။ ထာဝရဘုရား သည် သူ တို့ကို လက်ခံ တော်မ မူ။ သူ တို့အပြစ် များ ကို ချက်ခြင်း အောက်မေ့ ၍ စစ်ကြော တော်မူသော အားဖြင့် ၊ သူ တို့သည် အဲဂုတ္တု ပြည်သို့ ပြန် သွားရကြ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 8
Cross References
Exodus 32:34သို့ဖြစ်၍ငါမှာ ထားသောအရပ် သို့ သူ တို့ကို ယခု သွား ၍ ပို့ဆောင် လော့။ ငါ့ တမန် သည် သင့် ရှေ့ မှာ သွား လိမ့်မည်။ သို့ သော်လည်းငါ သည် အကြည့် အရှုကြွလာသောအခါ ၊ သူ တို့၌ အပြစ် ပေးလျက် ကြွလာမည်ကို မိန့် တော်မူ၏။
1 Samuel 15:22ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
Isaiah 1:11ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
Jeremiah 14:10ဤ လူမျိုး ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤလူတို့သည် လှည့်လည် ခြင်းငှါ အလွန် အလို ရှိကြ၏။ မိမိ တို့ခြေ ကို မ ချုပ်တည်း ကြ။ ထိုကြောင့် ၊ ထာဝရဘုရား နှစ်သက် တော်မ မူ။ သူ တို့ ပြုသောဒုစရိုက် ကို အောက်မေ့ ၍ ၊ သူ တို့အပြစ် များ ကြောင့် စစ်ကြော တော်မူမည်။
Hosea 5:6သိုးစု နွားစု ပါ လျက် ၊ ထာဝရဘုရား ကိုရှာ ခြင်းငှါ သွား ကြသော်လည်း မ တွေ့ ရကြ။ သူ တို့နှင့် ကွာ တော်မူပြီ။
Hosea 7:2သူ တို့ပြုသမျှ သော အဓမ္မ အမှုကို ငါမှတ်မိ သည် ဟု မိမိ တို့ စိတ်နှလုံး ထဲမှာ မ အောက်မေ့ ကြ။ ယခုပင် ထို အမှု တို့သည် သူ တို့ကို ဝိုင်း ကြပြီ။ ငါ့ မျက်မှောက် တွင် ရှိ ကြ၏။