Isaiah 1:11
ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင် တို့ပူဇော်သော ယဇ် များကို ငါ သည်အဘယ်သို့ ဆိုင်သနည်း။ မီးရှို့၍ ပူဇော် သောသိုး ကောင်၊ ဆူဖြိုးအောင်ကျွေးသော တိရစ္ဆာန် တို့၏ ဆီဥ နှင့် ငါဝ ပြီ။ နွား နှင့် သိုးသငယ် ၊ ဆိတ် တို့၏အသွေး ကို ငါမ နှစ်သက်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 50:8မီးရှို့ သောယဇ်မှစ၍ ယဇ် ပူဇော်ခြင်းအမျိုးမျိုးအတွက် ငါသည် သင် ၌အပြစ် မ တင်။ ထိုယဇ်တို့သည် ငါ့ ရှေ့ မှာ အစဉ် ရှိကြ၏။
Proverbs 15:8မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
Isaiah 66:3တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
Jeremiah 7:21ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့မီးရှို့ ရာ ယဇ်များကို အခြားသော ယဇ် များနှင့် အတူ ထား၍ ၊ အမဲသား ကိုစား ကြလော့။
Amos 4:5လုယူ သောဥစ္စာထဲက ကျေးဇူး ချီးမွမ်းရာ ပူဇော်သက္ကာကို မီးရှို့ ကြလော့။ အလိုလို ပြုသော ပူဇော်သက္ကာ များကိုလည်း ကြားပြော ၍ကြော်ငြာစေကြလော့။ အိုဣသရေလ အမျိုးသား တို့၊ ထိုသို့ ပြုရာတွင် သင်တို့သည် မွေ့လျော် တတ်ကြသည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
Micah 6:7ထာဝရဘုရား သည် သိုး ထီးတထောင် ၊ ဆီ မြစ် တသောင်း ကို အားရ နှစ်သက်တော်မူမည်လော။ ငါ့ လွန်ကျူး ခြင်းအတွက် ငါ ၏သားဦး ကို၎င်း၊ ငါ့ စိတ် ဝိညာဉ်၏ အပြစ် အတွက် ငါ ၏ ရင်သွေး ကို၎င်းပူဇော် ရမည်လော၊