ဟောရှေအနာဂတ္တိကျမ်း 9:13
ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ဟောရှေအနာဂတ္တိကျမ်း 9
Cross References
Job 27:14သူ ၏သားသမီး များပြား သော်လည်း ထား စာ ဖြစ်ကြ၏။ မွတ်သိပ် ခြင်းကိုလည်း ခံရကြ၏။
Lamentations 2:22ပွဲ သဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ၌ ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။
Ezekiel 27:3အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။
Hosea 10:14ထိုကြောင့် ၊ သင် ၏လူ တို့သည် ရုန်းရင်းခတ် ကြ လိမ့်မည်။ ရှာလမန် မင်းသည် ဗေသာဗေလ မြို့ကို စစ်တိုက် သောအခါ ဖျက်ဆီး သကဲ့သို့ ၊ သင် ၏ရဲတိုက် ရှိသမျှ တို့ သည် ပျက်စီး ရကြလိမ့်မည်။ အမိ သည် သား တို့နှင့်အတူ မြေပေါ်မှာ ဆောင့်ဖွပ် ခြင်းကိုခံရလိမ့်မည်။
Hosea 13:16ရှမာရိ မြို့သည် မိမိ ဘုရား သခင်ကို ပုန်ကန် သောကြောင့် ပျက်စီး လိမ့်မည်။ မြို့သားတို့သည် ထား ဖြင့် လဲ ၍ သေကြလိမ့်မည်။ သူငယ် တို့သည် မြေပေါ်မှာဆောင့်ဖွပ် ခြင်းကို၎င်း ၊ ကိုယ်ဝန် ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲ ခြင်းကို၎င်းခံရကြလိမ့်မည်။
Amos 7:17ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် ၏ မယား သည် ပြည်တန်ဆာ ဖြစ်လိမ့်မည်။ သင် ၏သား သမီး တို့သည် ထား ဖြင့် သေ ကြလိမ့်မည်။ သူတပါးတို့သည် သင် ၏မြေ ကို ကြိုးတန်း ချ၍ ဝေဖန် ကြလိမ့်မည်။ သင်သည် ညစ်ညူး သော ပြည် ၌ သေ ရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည် မှ ဆက်ဆက်နှင် သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။