ယေရမိမြည်တမ်းစကား 2:22
ပွဲ သဘင်နေ့ ၌ လူတို့ကို ခေါ်ဘိတ်သကဲ့သို့၊ အကျွန်ုပ် ပတ်လည် ၌ ကြောက်မက် ဘွယ်သော အရာတို့ကို ခေါ် ဘိတ်တော်မူပြီ။ ထာဝရဘုရား အမျက် တော် ထွက် သောနေ့ ၌ အဘယ်သူမျှမ လွတ် ၊ မကျန်ကြွင်း ရပါ။ အကျွန်ုပ်ချီပိုက် ကျွေးမွေးသောသူ တို့ ကို အကျွန်ုပ် ၏ ရန်သူ သည် ဖျက်ဆီး ပါပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Read all of ယေရမိမြည်တမ်းစကား 2
Cross References
2 Chronicles 36:17ခါလဒဲ ရှင် ဘုရင်ကို စစ်ချီ စေတော်မူ၏။ ထိုရှင်ဘုရင်သည် သန့်ရှင်း ရာဌာန အိမ် တော်၌ လူပျို တို့ ကို ထား နှင့် သတ် ၏။ ယောက်ျား ပျို၊ မိန်းမ ပျို၊ လူအို ၊ အသက်ကြီး၍ ကျောကုန်းသောသူတို့ ကိုပင် မ သနား ၊ ရှိသမျှ တို့ကို ထိုရှင် ဘုရင် လက် သို့ အပ် တော်မူ၏။
Isaiah 24:17အိုပြည် သား ၊ သင် သည် ကြောက်လန့် ဘွယ် သောအရာ မြေတွင်း ၊ ကျော့ကွင်း ထဲသို့ ရောက်လေပြီ။
Jeremiah 14:19ကိုယ်တော်သည် ယုဒ ပြည်ကို အကုန်အစင်ပယ် တော်မူသလော။ ဇိအုန် မြို့ကို စက်ဆုပ် ရွံရှာတော်မူသလော။ ချမ်းသာ မ ရအောင် အကျွန်ုပ် တို့ကို အဘယ်ကြောင့် ဒဏ်ခတ် တော်မူသနည်း။ အကျွန်ုပ်တို့ သည် ငြိမ်သက် ခြင်းကို မြော်လင့် သော်လည်း ၊ ကောင်းကျိုး ကို မ ရကြပါ။ ချမ်းသာ ကို မြော်လင့်သော်လည်း၊ ဘေး နှင့် သာ တွေ့ ရကြပါ၏။
Jeremiah 20:3နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။
Jeremiah 46:5သူ တို့သည်ကြောက်ရွံ့ ၍ ဆုတ် သွားကြသည်ကို အဘယ်ကြောင့် ငါမြင် ရသနည်း။ အားကြီး သောသူတို့ သည် ရှုံး သဖြင့် ပြန် ၍မ ကြည့်ဝံ့။ အလျင်အမြန်ပြေး ကြ ၏။ ပတ်လည် အရပ်၌ ဘေး ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
Hosea 9:13ဧဖရိမ် သည် တုရု မြို့ကဲ့သို့ ငြိမ်ဝပ် ရာအရပ်၌ တည် ဟန်ရှိသော်လည်း ၊ မိမိ သား သမီးတို့ကို လူသတ် လက် သို့ အပ် ရလိမ့်မည်။