Isaiah 1:26
သင် ၏ တရားသူကြီး တို့နှင့် တိုင်ပင်မှူးမတ်တို့ကို ရှေ့ဦး စွာခန့်ထားသည် နည်းတူ ၊ တဖန်ငါခန့်ထား ဦးမည်။ ထို နောက်မှ၊ သင် ၏နာမကို တရား သောမြို့ ၊ သစ္စာ စောင့်သောမြို့ ဟု သမုတ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 12:3မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
1 Samuel 12:2ယခု မှာ ရှင် ဘုရင်သည် သင် တို့ရှေ့ ၌ ကြွ နေတော်မူ၏။ ငါ သည် အသက် ကြီး၍ ဆံပင် ဖြူပြီ။ ငါ့ သား တို့ သည် သင် တို့၌ ရှိကြ၏။ ငါ သည် ငယ် သော အရွယ်မှစ၍ ယနေ့ တိုင်အောင် သင် တို့ရှေ့ ၌ သွား ပြီ။
Isaiah 2:3များပြား သောသူ တို့ကလည်း ၊ လာ ကြလော့။ ထာဝရဘုရား ၏တောင် တော်၊ ယာကုပ် အမျိုး၏ ဘုရား သခင့်အိမ် တော်သို့ တက် သွားကြကုန်အံ့။ လမ်းခရီး တော် တို့ကို ပြသ သွန်သင်တော်မူ၍ ၊ ငါတို့သည် ခြေ တော်ရာသို့ လိုက်သွား ကြမည်ဟု ခရီးသွားလျက် ပြောဆို ကြလိမ့်မည်။ တရား တော်သည် ဇိအုန် တောင်မှ ၎င်း၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရုရှလင် မြို့မှ ၎င်း၊ ပေါ် ထွက်လိမ့်မည်။
Isaiah 33:5ထာဝရဘုရား သည် ချီးမြှောက် ခြင်းရှိတော်မူ၏။ မြင့် သောအရပ်၌ နေ တော်မူ၏။ ဇိအုန် မြို့ကို တရား သဖြင့် ဆုံးဖြတ်ခြင်း၊ ဖြောင့်မတ် စွာ စီရင်ခြင်းနှင့် ပြည့် စေ တော်မူ၏။
Isaiah 60:17ကြေးဝါ အရာ ၌ ရွှေ ကို၎င်း ၊ သံ အရာ ၌ ငွေ ကို ၎င်း၊ သစ်သား အရာ ၌ ကြေးဝါ ကို၎င်း ၊ ကျောက် အရာ ၌ သံ ကို၎င်းငါဆောင် ခဲ့မည်။ သင် ၏ အရာရှိ တို့ကို ငြိမ်သက် သောသဘော၊ အခွန်ခံ တို့ကို ဖြောင့်မတ် သော သဘောနှင့် ပြည့်စုံ စေမည်။
Isaiah 62:1ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။