Isaiah 62:1
ဇိအုန် မြို့တည်းဟူသောယေရုရှလင် မြို့၏ ဖြောင့်မတ် ခြင်းသည် ရောင်ခြည် ကဲ့သို့ ၎င်း၊ သူ ၏ ကယ်တင် ခြင်းသည် ထွန်းတောက် သော ဆီမီးခွက် ကဲ့သို့ ၎င်း မ ထင်ရှား မှီတိုင်အောင် ထိုမြို့အတွက် ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မ နေရ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Psalms 98:1ထာဝရဘုရား အား အသစ် သောသီချင်း ကို ဆို ကြလော့။ အံ့ဘွယ် သော အမှုတို့ကို ပြု တော်မူပြီ။ လက်ျာ လက်တော်နှင့် သန့်ရှင်း သော လက်ရုံး တော်သည် ကိုယ်တော် အဘို့ ကယ်တင် ခြင်းအမှုကို ပြုလေပြီ။
Psalms 122:6ယေရုရှလင် မြို့ ငြိမ်ဝပ် မည်အကြောင်းဆုတောင်း ကြလော့။ ထို မြို့ကို မြတ်နိုး စုံမက်သောသူတို့ သည် ချမ်းသာ ရကြပါစေသော။
Proverbs 4:18ဖြောင့်မတ် သောသူတို့၏လမ်း သည် တက် သော အာရုဏ် ကဲ့သို့ ဖြစ်၍၊ နေထွက် သည်တိုင်အောင် တိုးပွါး ထွန်းလင်း တတ်၏။
Isaiah 32:15ဝိညာဉ် တော်သည် ကောင်းကင် မှ ငါ တို့အပေါ် သို့သွန်းလောင်း ၍ ၊ တော သည် အသီးအနှံ များသော လယ်ဖြစ်၍၊ အသီးအနှံ များသော လယ်သည် တောအုပ် ကဲ့သို့ မှတ် ရသောကာလမရောက်မှီတိုင်အောင် ၊ ထိုသို့ ဖြစ် ကြလိမ့်မည်။
Isaiah 51:9အို ထာဝရဘုရား ၏ လက်ရုံး တော်၊ နိုး တော်မူပါ။ နိုး၍ ခွန်အားကို ယူတော်မူပါ။ ရှေး ကာလ နှင့် လွန် ဘူးသောကာလ ၌ကဲ့သို့ နိုးတော်မူပါ။ ရာခပ် ကို ဒဏ်ခတ်၍ နဂါး ကို နာ စေသောသူကား၊ ကိုယ်တော် ပင် မ ဟုတ် လော။
Isaiah 60:2ကြည့်ရှု လော့။ မှောင်မိုက် သည် မြေကြီး ကို ဖုံးလွှမ်း လိမ့်မည်။ ထူထပ်သော မှောင်မိုက် သည် လူ များကို ဖုံးလွှမ်းလိမ့်မည်။ သို့ သော်လည်း၊ သင် ၏အပေါ် မှာ ထာဝရဘုရား သည် ပေါ် ထွန်းတော်မူ၍ ၊ ဘုန်း တော်သည် သင် ၏အပေါ် မှာ ထင်ရှား လျက် ရှိလိမ့်မည်။