Isaiah 10:16
ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Chronicles 32:21ထာဝရဘုရား စေလွှတ် တော်မူသောကောင်းကင် တမန်သည်၊ အာရှုရိ ရှင်ဘုရင် တပ် ၌ ခွန်အား ကြီးသော သူရဲ များ၊ တပ်မှူး ၊ စစ်ကဲ များအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာ ပျက် လျက် ၊ မိမိ ပြည် သို့ ပြန် သွား၏။ မိမိ ဘုရား ၏ ဗိမာန် သို့ရောက် သောအခါ ၊ မိမိ သားရင်း တို့သည် ထား နှင့် သတ် ကြ၏။
Isaiah 5:17ထိုအခါ သိုး သငယ်တို့သည် အလိုအလျောက်ကျက်စား ရကြလိမ့်မည်။ သူဌေး သူကြွယ်ပိုင်းဘူး၍၊ လူဆိတ်ညံရာအရပ်၌လည်း ဧည့်သည် တို့သည် စား ရကြ လိမ့်မည်။
Isaiah 9:4အကြောင်း မူကား၊ မိဒျန် လက်ထက် ၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူ တို့ထမ်း ရသောထမ်းဘိုး ၊ ကျော ၌ခံရသောတုတ် ကို၎င်း၊ ညှဉ်းဆဲ သောသူ၏ လှံတံ ကို၎င်းချိုး တော်မူပြီ။
Isaiah 10:18တော ၏ဘုန်း ကို၎င်း၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ် ခန္ဓာနံ ဝိညာဉ်နှင့်တကွ ကုန် စေတော်မူသဖြင့်၊ ထိုမင်းသည် နာ သောသူကဲ့သို့ အားလျော့ လိမ့်မည်။
Isaiah 17:4ထိုကာလ ၌ ယာကုပ် အမျိုး၏ ဘုန်း သည် လျော့ ၍ ၊ ဆူဝ ခြင်းလည်း ပိန့် ကြုံခြင်းဖြစ်ရလိမ့်မည်။
Isaiah 29:5သို့ရာတွင် ၊ သင် ၏ ရန်သူ အလုံး အရင်းသည် အဏုမြူ ကဲ့သို့ ၎င်း ၊ ကြောက်မက် ဘွယ်သောသူ အလုံး အရင်း သည် လွင့် သွားသော ဖွဲ ကဲ့သို့ ၎င်း ဖြစ် ၍၊ အလျင် တဆောချက်ခြင်း အမှုရောက် လိမ့်မည်။