Isaiah 10:17
ဣသရေလ အမျိုး၏အလင်း သည် မီး ဖြစ် တော်မူ မည်။ သန့်ရှင်း သော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တနေ့ ခြင်းတွင် ၊ ထိုမင်း ၏ ဆူး ပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်း စေတော်မူမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 11:1တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
Deuteronomy 4:24အကြောင်း မူကား၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် လောင် သောမီး ၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။
Psalms 21:9အမျက် တော်ထွက်သောကာလ ၌ သူ တို့ကို မီးဖို ကဲ့သို့ ဖြစ် စေတော်မူမည်။ ထာဝရဘုရား သည် အမျက် တော် အားဖြင့် သူ တို့ကို မျို တော်မူ၍ ၊ မီး သည်လည်း လောင် စားပါလိမ့်မည်။
Psalms 50:3ငါ တို့၏ ဘုရား သခင်ကြွလာ တော်မူ၏။ တိတ်ဆိတ် စွာ နေတော်မ မူ။ ရှေ့ တော်၌ မီး လောင် လျက် ပတ်ဝန်းကျင် ၌ မိုဃ်းသက် မုန်တိုင်းပြင်းပြ လျက်ရှိ၏။
Psalms 84:11ထာဝရ အရှင် ဘုရား သခင်သည် နေ လည်း ဖြစ်တော်မူ၏။ အကွယ် အကာလည်း ဖြစ်တော်မူ၏။ ထာဝရဘုရား သည် ကျေးဇူး တော်နှင့် ဘုန်း အသရေကို ပေး တော်မူ၏။ ဖြောင့်မတ် စွာကျင့် သောသူတို့အား ကောင်း သောအရာကို ငြင်း တော်မ မူ။
Isaiah 9:18အဓမ္မ သည် မီး ကဲ့သို့ လောင် တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်း စေမည်။ တောအုပ် ကို လည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုး နှင့်တကွလွင့် တက်ကြလိမ့်မည်။