Isaiah 10:22
အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 4:20ထိုကာလ၌၊ ယုဒ အမျိုးနှင့် ဣသရေလ အမျိုးသားတို့သည် အရေအတွက် အားဖြင့် သမုဒ္ဒရာ သဲလုံး နှင့်အမျှ များပြား ၍ စား သောက် ပျော်မွေ့ လျက် နေကြ၏။
Isaiah 6:11အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
Isaiah 8:8ယုဒ ပြည်ကို ချင်းနင်းလွှမ်းမိုး ဖြန့်သွား၍၊ လည်ပင်း တိုင်အောင် မှီ လိမ့်မည်။ သူ ၏ အတောင် တို့ကိုလည်း ဖြန့် သဖြင့်၊ ကိုယ်တော် ၏မြေ တပြင်လုံး ကို အုပ်မိုး လိမ့်မည်၊ အိုဧမာနွေလ ဟု မိန့် တော်မူ၏။
Isaiah 28:15သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊
Isaiah 37:31ဘေးလွတ်၍ ကျန် ကြွင်းသော ယုဒ အမျိုးသား တို့သည် တဖန်အောက် မှာ အမြစ် စွဲ ၍ ၊ အထက် မှာ အသီး သီး ကြလိမ့်မည်။
Jeremiah 3:14အိုဖောက်ပြန် သော သူငယ် တို့၊ ပြန်လာ ကြလော့ ဟု ထာဝရဘုရား မိန့် တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့ များထဲက တ မြို့လျှင် လူ တယောက်၊ အမျိုးသား ချင်း အစုစုထဲက တစုလျှင် လူနှစ် ယောက်ကို ရွေးယူ ၍ ဇိအုန် မြို့သို့ ပို့ဆောင် မည်။