Isaiah 6:11
အိုထာဝရဘုရား ၊ အဘယ်မျှကာလပတ်လုံး ကြာပါလိမ့်မည်နည်းဟု ငါမေး လျှောက်ပြန်လျှင်၊ မြို့ တို့ သည် မြို့သား မ ရှိ၊ အိမ် တို့သည် အိမ်သား မ ရှိအောင် ဖျက်ဆီး ခြင်းသို့ရောက်သဖြင့်၊ တပြည်လုံးသည် လူ ဆိတ်ညံရာသက်သက်ဖြစ်သည်တိုင်အောင် ၎င်း၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Leviticus 26:33သာသနာပ လူတို့တွင် သင် တို့ကို အရပ်ရပ်ငါကွဲပြား စေ၍ ၊ ထား မိုးလျက် လိုက်မည်။ သင် တို့ပြည် သည်လည်း လူဆိတ်ညံ လျက် ၊ မြို့ သည်လည်း ပျက်စီး လျက်ရှိ လိမ့်မည်။
Deuteronomy 28:63သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
Psalms 79:5အို ထာဝရဘုရား ၊ အမျက် တော်သည် အလျှင်း မငြိမ်းဘဲ အဘယ်မျှကာလ ပတ်လုံးထွက်ပါမည်နည်း။ အဘယ် မျှကာလပတ်လုံး စိတ် တော်သည် မပြေ၊ မီး ကဲ့သို့ လောင် ပါမည်နည်း။
Psalms 94:3အိုထာဝရဘုရား ၊ မ တရားသောသူတို့ သည် အဘယ် မျှကာလ ပတ်လုံး ဝမ်းမြောက် ကြပါလိမ့်မည်နည်း။
Isaiah 3:26သူ ၏တံခါး တို့သည် ငိုကြွေး မြည်တမ်း ၍ ၊ သူသည်လူ ဆိတ်ညံရာ မြေ ပေါ် မှာ ထိုင် ရလိမ့်မည်။
Micah 7:13ထိုသို့ မဖြစ်မှီ ပြည်သူ ပြည်သားပြု မိသော ဒုစရိုက် အပြစ်ကြောင့် ပြည် တော်သည် လူဆိတ်ညံ လျက် ရှိ ရလိမ့်မည်။