Isaiah 10:6
အဓမ္မ လူမျိုး ရှိရာသို့ သူ့ ကိုငါစေလွှတ် မည်။ ငါ့ အမျက် ခံရာ လူစု ကို လုယူ ဖျက်ဆီး ၍၊ လမ်း ၌ ရွှံ့ ကိုကဲ့သို့ ကျော် နင်းစေခြင်းငှါ ၊ သူ့ ကိုငါမှာ ထားမည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
2 Kings 18:25ထာဝရဘုရား ၏အခွင့် မရှိဘဲ ဤ ပြည် ကိုဖျက်ဆီး ခြင်းငှါ ငါလာ သလော။ ထို” ပြည် ကို သွား ၍ ဖျက်ဆီး လော့ဟု ထာဝရဘုရား သည် ငါ့ အား မိန့် တော်မူပြီ။ ဤအကြောင်းအရာများကိုပြန်ပြောကြလော့ဟု ပြောဆို၏
Isaiah 8:4အကြောင်း မူကား၊ ထိုသူငယ် သည် အမိ အဘ ဟုမ ခေါ် တတ်မှီ၊ ဒမာသက် မြို့၏ စည်းစိမ် ၊ ရှမာရိ မြို့၌ လုယက် သောဥစ္စာကို အာရှုရိ ရှင်ဘုရင် သည် သိမ်း သွား လိမ့်မည်ဟု မိန့် တော်မူ၏။
Isaiah 9:19ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမျက် တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
Isaiah 19:17ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အဲဂုတ္တု ပြည် တဘက် ၌ ကြံစည် တော်မူသောအကြံ အစည်ကြောင့် ၊ ယုဒ ပြည် သည်လည်း အဲဂုတ္တု ပြည်၌ ကြောက်မက် ဘွယ်ဖြစ်လိမ့်မည်။ ယုဒ ပြည်ဟူ၍ပြော ကာမျှ နှင့် လူတိုင်း ကြောက်ရွှံ့ ကြလိမ့်မည်။
Isaiah 29:13ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် နှုတ် နှင့် ငါ့ထံသို့ချဉ်းကပ် ၍ ၊ နှုတ်ခမ်း နှင့် ငါ့ ကို ရိုသေ ကြ၏။ စိတ် နှလုံး မူကား ငါ နှင့် ဝေး လှ၏။ လူ တို့စီရင် သော ပညတ် တို့ ကို အမှီပြု၍ ငါ့ ကိုကြောက်ရွံ့ ကြ၏။
Isaiah 33:14အပြစ် ရှိသောဇိအုန် မြို့သားတို့သည် ကြောက် ကြ၏။ အဓမ္မ ပြုသောသူတို့သည် ထိတ်လန့် ကြ၏။ ငါ တို့ တွင် အဘယ် သူသည် လောင် သောမီး ထဲမှာ နေ ရမည်နည်း။ ငါ တို့တွင် အဘယ် သူသည် ထာဝရ မီး လောင်ခြင်း ကိုခံ လျက်နေ ရမည်နည်း။