Isaiah 8:4
အကြောင်း မူကား၊ ထိုသူငယ် သည် အမိ အဘ ဟုမ ခေါ် တတ်မှီ၊ ဒမာသက် မြို့၏ စည်းစိမ် ၊ ရှမာရိ မြို့၌ လုယက် သောဥစ္စာကို အာရှုရိ ရှင်ဘုရင် သည် သိမ်း သွား လိမ့်မည်ဟု မိန့် တော်မူ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
5-
Cross References
Deuteronomy 1:39ရန်သူလုယူ ရာဖြစ် မည်ဟု သင် တို့ဆို သော သူငယ် များ၊ ထိုအခါ ကောင်း မ ကောင်းကို ပိုင်းခြားမ သိနိုင် သေးသော သားသမီး များတို့သည် ထို ပြည်ကို ဝင်စား ၍ ၊ ငါပေး သည်အတိုင်း သိမ်းယူ ကြလိမ့်မည်။
2 Kings 16:9အာရှုရိ ရှင် ဘုရင်သည် နားထောင် ၍ ဒမာသက် မြို့သို့ စစ်ချီ ၍ တိုက်ယူ ပြီးလျှင် ၊ ပြည်သားတို့ကို ကိရ မြို့သို့ သိမ်းသွား ၏။ ရေဇိန် မင်းကိုလည်း သတ် ၏
2 Kings 17:5ဣသရေလပြည် တရှောက်လုံး သို့ စစ်ချီ ၍ ၊ ရှမာရိ မြို့သို့ ရောက် သော် သုံး နှစ် ဝိုင်း ထား၏
Isaiah 7:8ရှုရိ ပြည်၏ခေါင်း ကား၊ ဒမာသက် မြို့။ ဒမာသက် မြို့၏ခေါင်း ကား၊ ရေဇိန် မင်းဖြစ်ရ၏။ ဧဖရိမ် ပြည်၏ခေါင်း ကား၊ ရှမာရိ မြို့။ ရှမာရိ မြို့၏ခေါင်း ကား၊ ရေမလိ သား ဖြစ်ရ၏။
Isaiah 7:16ထိုသူငယ် သည် မကောင်း သောအရာကိုမပယ် ၊ ကောင်း သောအရာကို မရွေး မ ယူတတ်မှီ၊ သင် ကြောက် သော ရှင်ဘုရင် နှစ်ဦး အစိုးရသောပြည် သည် စွန့်ပစ် သော အရပ်ဖြစ်လိမ့်မည်။
Isaiah 17:1ဒမာသက် မြို့နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ ကြည့်ရှု လော့။ ဒမာသက် မြို့သည် မြို့ မဖြစ်အောင် ပျက်စီး ရာပုံ ဖြစ် ရ၏။