Isaiah 12:5
ထာဝရဘုရားကို ထောမနာသီချင်းဆိုကြလော့။ ထူးဆန်းသောအမှုကို ပြုတော်မူပြီ။ အမှုတော်သည် မြေတပြင်လုံး၌ ထင်ရှားပါစေ။
1835 Judson Burmese Bible
In The King James Version
Sing unto the LORD; for he hath done excellent things: this is known in all the earth.
In Context
Cross References
Exodus 15:1ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကား ဟူမူကား၊ ထာဝရဘုရားသည် ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အား သီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။
Psalms 68:32မြေကြီးနိုင်ငံတို့၊ ဘုရားသခင့်ရှေ့တော်၌ သီချင်းဆိုကြလော့။
Psalms 98:1ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။
Isaiah 40:9ဇိအုန်တောင်သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ မြင့်သောတောင်ပေါ်သို့တက်လော။ ယေရုရှလင် မြို့သို့ ဝမ်းမြောက်စရာ သိတင်းကို ဆောင်ခဲ့သောသူ၊ ကျယ်သောအသံကို လွှင့်လော့။ မစိုးရိမ်ဘဲ အသံကို လွှင့်လော့။ သင်တို့၏ ဘုရားသခင်ကို ကြည့်ရှုကြဟု ယုဒမြို့ရွာတို့အား ပြောလော့။
Revelation 11:15သတ္တမကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ ကောင်းကင်ဘုံ၌ကြီးသော အသံတို့ကား၊ လောကီနိုင်ငံသည် ငါတို့အရှင်၏ နိုင်ငံဖြစ်လေပြီ။ ထိုအရှင်၏ ခရစ်တော်နိုင်ငံဖြစ်လေပြီ။ သူသည်လည်း ကမ္ဘာအဆက်ဆက် စိုးစံတော်မူမည်ဟု ပြောဆိုကြ၏။
Revelation 19:1ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေ လုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။