Isaiah 12:6
အိုဇိအုန် သတို့သမီး၊ ကြွေးကြော် လော့။ဝမ်းမြောက်သဖြင့်အော်ဟစ် လော့။ အကြောင်း မူကား၊ဣသရေလ အမျိုး၏သန့်ရှင်း သောဘုရားသည်သင် ၏အလယ် ၌ ဘုန်းကြီး တော်မူ၏ဟုမြွက် ဆိုရလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 23:15မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။
Psalms 68:16သင်တို့သည် မြင့် သော တောင်ထိပ် များနှင့် ပြည့်စုံသော်လည်း၊ ဘုရား သခင်ကျိန်းဝပ် ခြင်းငှါ အလိုရှိ တော်မူသောတောင် ၊ ထာဝရဘုရား သည် အစဉ် အမြဲနေရာ ချတော်မူသောတောင်တော်ကို အဘယ် ကြောင့်စောင်း မြောင်းကြသနည်း။
Psalms 89:18ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ကွယ်ကာ တော်မူ၏။ ဣသရေလ အမျိုး၏သန့်ရှင်း သော ဘုရား သည် အကျွန်ုပ် တို့၏ ရှင်ဘုရင် ဖြစ်တော်မူ၏။
Psalms 132:14ဤ မြို့ကား ငါ အစဉ် အမြဲ ကျိန်းဝပ် ရာမြို့တည်း။ ငါအလိုရှိ သည် ဖြစ်၍ ၊ ဤ မြို့၌ငါနေ မည်။
Isaiah 8:18ငါ မှစ၍ ငါ့ အား ထာဝရဘုရား ပေး တော်မူသော သူငယ် တို့သည် ရှိ ကြ၏။ ဇိအုန် တောင် ပေါ် မှာ ကျိန်းဝပ် တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ထံ တော်က၊ ဣသရေလ အမျိုး၌ ပုပ္ပ နိမိတ်နှင့် အံ့ဘွယ်သော အရာဖြစ်စေခြင်းငှါပေးတော်မူသတည်း။
Isaiah 24:23လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။