Isaiah 13:10
မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 5:30ထိုကာလ ၌ သူတို့သည် သမုဒ္ဒရာ အသံ ဗလံ ကဲ့သို့ ဟုန်းဟုန်းမြည် ကြလိမ့်မည်။ ထိုပြည် ကိုကြည့်ရှု လျှင် ၊ မှောင်မိုက် အတိ၊ ဒုက္ခဆင်းရဲသက်သက်ရှိ၍၊ မိုဃ်းကောင်းကင် အလင်း သည် ကွယ်ပျောက် လိမ့်သတည်း။
Isaiah 24:23လ သည်လည်း မျက်နှာပျက် လိမ့်မည်။ နေ သည် လည်း အရှက် ကွဲလိမ့်မည်။ အကြောင်း မူကား၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည်၊ ဇိအုန် တောင် ပေါ် မှာ ယေရုရှလင် မြို့၌ မင်းပြု ၍ ၊ အသက်ကြီး သူတို့ ရှေ့ တွင်ဘုန်းကြီး တော်မူလတံ့။
Ezekiel 32:7သင့် ကို ငါဆုံး စေသောအခါ မိုဃ်းကောင်းကင် ကို ငါဖုံးလွှမ်း ၍ ကြယ် တို့ကို မိုက် စေမည်။ နေ ကို မိုဃ်းအုံ့ စေ၍ လ သည်လည်း အလင်း ကို မ ပေး ရ။
Joel 2:10သူ တို့ရှေ့ မှာ မြေကြီး လှုပ် လိမ့်မည်။ မိုဃ်း ကောင်းကင် လည်း တုန်ခိုက် လိမ့်မည်။ နေ နှင့် လ သည် မိုက် ၍ ၊ ကြယ် တို့သည် မ ထွန်းလင်းဘဲနေကြလိမ့်မည်။
Joel 3:15နေ နှင့် လ သည် မိုက် လိမ့်မည်။ ကြယ် တို့သည် လည်း မ ထွန်းလင်း ဘဲနေကြလိမ့် မည်။
Zephaniah 1:15ထို နေ့ သည် အမျက် ထွက်သောနေ့ ၊ ဆင်းရဲ ပူပန် ခြင်းကို ခံရသောနေ့ ၊ သုတ်သင် ပယ်ရှင်းဖျက်ဆီး ရာနေ့ ၊ အလင်း ကွယ်၍ မှောင်မိုက် သောနေ့ ၊ မိုဃ်းအုံ့ ၍ ထူထပ် သောမှောင်မိုက် ဖုံးလွှမ်းသောနေ့ ၊