The Bible Software
Isaiah · မြန်မာကျမ်းစာ

Isaiah 13

1ဗာဗုလုန် မြို့ကို ရည်ဆောင်၍ အာမုတ် ၏သား ဟေရှာယ ခံရ သော ဗျာဒိတ် တော်အချက်ဟူမူကား၊

2ရှင်းလင်း သော တောင် ပေါ် မှာအလံ ကို ထူ ကြ။ ကျယ်သောအသံနှင့် အော်ဟစ် ကြ။ လက် ကိုလှုပ် ကြ။ သူတို့သည် မင်း တို့နေရာတံခါး များကို ဝင် ကြစေ။

3ငါ သန့်ရှင်း စေသောသူတို့ ကို ငါ မှာ ထားပြီ။ ငါ ပေးသောဘုန်း အာနုဘော်ကြောင့် ဝမ်းမြောက် သောသူ၊ ငါ ၏သူရဲ တို့ကို ငါ့အမျက် ပြေစေခြင်းငှါ ငါခေါ် ပြီ။

4ကြီး စွာသော အလုံးအရင်း၏ အသံ ကဲ့သို့ တောင် တို့အပေါ် မှာ လူ များ၏ အသံ ဗလံ၊ စုဝေး သော တိုင်း သူပြည်သားများတို့၏ အုတ်အုတ် ကျက်ကျက်သော အသံ ဗလံရှိသည်နှင့်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် စစ်တိုက် ခြင်းငှါ၊ အလုံး အရင်းကိုစီရင် ခင်းကျင်းတော်မူ၏။

5ထာဝရဘုရား နှင့် အတူတကွ အမျက် တော် လက်နက် တို့သည် တပြည် လုံး ကို ဖျက်ဆီး ခြင်းငှါ ၊ ဝေး သောပြည် ၊ ကောင်းကင် စွန်း မှ လာ ကြ၏။

6ထာဝရဘုရား ၏နေ့ ရက်သည်နီး သောကြောင့်၊ ငိုကြွေး မြည်တမ်းကြလော့။အနန္တ တန်ခိုးရှင်စီရင်တော်မူသောဘေး အန္တရာယ်ကဲ့သို့ လာ လိမ့်မည်။

7ထိုကြောင့် ၊ ရှိသမျှ သော လက် တို့သည် ကျ ကြ လိမ့်မည်။ လူ အပေါင်း တို့သည် စိတ် ပျက် ၍ ကြောက်လန့် ခြင်းသို့ ရောက်ကြလိမ့်မည်။

8နာ ခြင်းဝေဒနာ အမျိုးမျိုးကိုခံရ ကြလိမ့်မည်။ သားဘွား သော မိန်းမကဲ့သို့ ဝေဒနာ ကို ခံရလျက်၊ တယောက် ကိုတယောက်ကြည့်ရှု ၍မှိုင်တွေသဖြင့်၊ သူ တို့ မျက်နှာ သည် မီးလျှံ အဆင်း ရှိလိမ့်မည်။

9ထိုပြည် ကို ဖျက်ဆီး ၍ ၊ အပြစ် ကြီးသော ပြည်သူပြည်သားတို့ကို သုတ်သင် ဖယ်ရှင်းခြင်းငှါ ၊ ထာဝရဘုရား ၏ ကြမ်းကြုတ် သောနေ့ ရက်သည် ပြင်းထန် သော ဒေါသ အမျက်ထွက်လျက်လာ လိမ့်မည်။

10မိုဃ်းကောင်းကင် ကြယ် နက္ခတ် တို့သည် အလင်း ကိုမ ပေး။ နေ သည်လည်း ထွက် သောအခါ မိုက် လျက်၊ လ သည်လည်း မထွန်း မ လင်းဘဲလျက်ရှိလိမ့်မည်။

11ထိုလောကီ နိုင်ငံ၏ အပြစ် ကို၎င်း ၊ မတရား သောသူတို့ ၏ ဒုစရိုက် များကို၎င်းငါစစ်ကြော မည်။ မာန ကြီး သောသူတို့၏ ထောင်လွှားခြင်းကို ငါနှိပ်စက် ၍၊ ကြမ်းကြုတ် သောသူတို့၏ စော်ကား ခြင်းကို ငါနှိမ့်ချ မည်။

12လူ သည် ရွှေ စင်ထက် အဘိုးထိုက်မည် အကြောင်း၊ ဆင်းရဲသား သည် ဩဖိရ ရွှေ ကျောက်ထက် အဘိုးထိုက်မည်အကြောင်းငါ ပြုမည်။

13သို့ဖြစ်၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရ ဘုရား ၏ ဒေါသ အမျက်တော်ပြင်း စွာထွက်သော နေ့ ရက် ၌ ၊ မိုဃ်းကောင်းကင် ကို ငါလှုပ်ရှား မည်။ မြေကြီး လည်း မိမိ နေရာ မှ ရွေ့ ရလိမ့်မည်။

14ပြည်သားတို့သည် ကြောက်၍ပြေးသောဒရယ် မ၊ ထိန်းသိမ်း သူမ ရှိသော သိုး များကဲ့သို့ ဖြစ် ၍၊ အသီးအသီး မိမိ အမျိုးသား ချင်းတို့ကို မျက်နှာ ပြု၍ ၊ အသီးအသီး မိမိ ပြည် သို့ ပြေး ကြလိမ့်မည်။

15တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။

16သူ တို့သားသမီး များကို သူ တို့မျက်မှောက်၌ မြေ ပေါ်မှာ ဆောင့် ဖွပ်လိမ့်မည်။ သူ တို့ အိမ် များကို လုယက် ၍ ၊ သူ တို့ မယား များကို အဓမ္မ ပြုကြလိမ့်မည်။

17ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။

18သူတို့သည် လူပျို တို့ကို လေး နှင့်ရိုက်ခတ် ကြ လိမ့်မည်။ ကလေး တို့ကို မ သနား ကြ။ သူ တို့မျက်စိ သည် သူငယ် တို့ကို မ နှမြော ရ။

19တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။

20ထိုမြို့၌ ကာလအစဉ်၊ လူမျိုး အဆက်ဆက်အဘယ်သူမျှမ နေ ရ။ ထို မြို့၌ အာရပ် လူသည် တဲကိုမျှ မ ဆောက် ရ။ သိုးထိန်း တို့သည် သိုးခြံကိုမျှ မ လုပ် ရကြ။

21တောသားရဲ တို့သည် ထို မြို့၌ အိပ် ကြလိမ့်မည်။ အိမ် တို့သည် မြည်တတ်သော တိရစ္ဆာန် များနှင့် အပြည့် ရှိကြလိမ့်မည်။ ကုလားအုပ် ငှက်တို့လည်း နေရာ ကျ၍ ၊ မျောက် တို့လည်း ကခုန် ကြလိမ့်မည်။

22တောခွေး တို့သည်လည်း ၊ ဘုံ ဗိမာန်များ၌ ၎င်း၊ မြေခွေး တို့သည်လည်း ၊ ကြက်သရေတိုက်များ၌၎င်း၊ အူ ကြ၊ မြည်ကြလိမ့်မည်။ ထိုသို့သော ကာလ နီး လှပြီ။ ထိုမြို့ ၏ အသက်တာ မ ရှည် ရ။

← Isaiah 12Read In The App, Free →Isaiah 14 →

Study Isaiah 13

KJVMatthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)Reina-Valera (Español)Bíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)

All Chapters

123456789101112131415161718192021222324252627282930313233343536373839404142434445464748495051525354555657585960616263646566