Isaiah 13:17
ကြည့်ရှု လော့။ ငွေ ကို ပမာဏ မ ပြု၊ ရွှေ ကိုအလို မ ရှိသော မေဒိ လူများကို သူ တို့ တဘက် ၌ ငါ နှိုးဆော် မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Proverbs 6:34အကြောင်း မူကား၊ ယောက်ျား သည် မယားကို မယုံ သောစိတ်ရှိလျှင် ၊ ပြင်းထန်စွာ အမျက်ထွက် တတ်၏။ အပြစ် ပေးချိန် ရောက်သောအခါ သနား ခြင်းမ ရှိတတ်။
Isaiah 21:2ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။
Jeremiah 50:9အကြောင်း မူကား၊ မြောက် မျက်နှာအရပ် ၌ ကြီးစွာ သော တိုင်း နိုင်ငံသားအစုအဝေး ကို ငါ နှိုးဆော် ၍၊ ဗာဗုလုန် မြို့သို့ ဆောင်ခဲ့ မည်။ သူတို့သည် မြို့တဘက် ၌ တပ်ခင်းကျင်း ၍ တိုက်ယူ ကြလိမ့်မည်။ သူ တို့ပစ်သော မြှား တို့သည် လိမ္မာသော စစ်သူရဲ ၏ မြှားကဲ့သို့ဖြစ်၍မ မှန်ဘဲမနေရ။
Jeremiah 51:27ထိုပြည် ၌ အလံ ကိုထူ ကြလော့။ အပြည်ပြည် တို့၌ တံပိုး ကိုမှုတ် ၍၊ လူ အမျိုးမျိုးတို့ကိုသူ ၏ တဘက် ၌ပြင်ဆင် ကြလော့။ အာရရတ် ပြည်၊ မိန္နိ ပြည်၊ အာရှကေနတ် ပြည် တို့ကို သူ ၏တဘက် ၌ စည်းဝေး စေကြလော့။ ဗိုလ်ချုပ် မင်းကိုခန့်ထား ၍၊ အမွေးကြမ်း သော ကျိုင်းကောင် ကဲ့သို့ မြင်း စီးသူရဲတို့ကို စစ်ချီ စေကြလော့။