Isaiah 13:19
တိုင်း နိုင်ငံတို့၏ အထွဋ် ၊ ခါလဒဲ အမျိုးသားတို့၏ ဘုန်း အသရေဖြစ်သော ဗာဗုလုန် မြို့သည် ဘုရား သခင်ဖျက်ဆီး တော်မူသောသောဒုံ မြို့နှင့် ဂေါမောရ မြို့ကဲ့သို့ ဖြစ် လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 29:23အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
Isaiah 14:12အိုနံနက် သား ၊ မိုဃ်းသောက် ကြယ်၊ သင်သည် ကောင်းကင် က ကျ လေပြီတကား။ အပြည် ပြည်တို့ကို နှိပ်စက်သောသင်သည်၊ မြေ တိုင်အောင် ခုတ်လှဲ ခြင်းကို ခံရလေပြီတကား။
Jeremiah 50:40သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သော မြို့များကို ဘုရားသခင် ဖျက်ဆီး တော်မူသဖြင့် လူဆိတ်ညံ သကဲ့သို့၊ ဗာဗုလုန်မြို့၌ အဘယ်သူမျှမ နေ ရ၊ လူ သား တစုံတယောက် မျှနေရာ မ ကျရဟု၊ ထာဝရဘုရား မိန့် တော်မူ ၏။
Daniel 2:37အရှင် မင်းကြီး၊ ကိုယ်တော် သည် ဘုရင် တို့၏ ဘုရင် ဖြစ်တော်မူ၏။ ကောင်းကင် ဘုံရှင် ဘုရား သခင်သည် နိုင်ငံ နှင့်တကွတန်ခိုး အာနုဘော်အစွမ်း သတ္တိ ဘုန်း အသရေကို ကိုယ်တော် အား ပေး တော်မူပြီ။
Amos 4:11ဘုရား သခင်သည် သောဒုံ မြို့နှင့် ဂေါမောရ မြို့ကို မှောက်လှန် သကဲ့သို့ ၊ သင် တို့အချို့ကို ငါမှောက်လှန် ၍ သင်တို့သည် မီး ထဲက နှုတ် သောထင်းစ ကဲ့သို့ ဖြစ် ကြပြီ။ သို့သော်လည်း ၊ ငါ့ ထံသို့ ပြန် ၍မ လာကြဟု ထာဝရဘုရား မိန့် တော်မူ၏။