Isaiah 14:20
သူတပါးတို့နှင့်ရောနှော ၍ သင်္ဂြိုလ် ခြင်းကိုမ ခံရ။ အကြောင်း မူကား၊ မိမိ ပြည် ကို ဖျက်ဆီး ပြီ။ မိမိ အမျိုးသား ချင်းတို့ကိုသတ် လေပြီ။ အဓမ္မ ပြုသောသူတို့ ၏အနွယ် သည် ဂုဏ် အသရေအလျှင်းမ ရှိရဟု ပြောဆိုကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Job 18:16သူ ၏အမြစ် တို့သည် သွေ့ ခြောက်လျက် ၊ အခက် အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။
Job 18:19သူ့ အမျိုး တွင် သူ့ သား မြေး မ ရှိ။ သူ၏အိမ်သူအိမ်သားတယောက်မျှ မ ကျန်ရစ် ရ။
Psalms 37:28ထာဝရဘုရား သည် တရား ကိုနှစ်သက် တော်မူ ၏။ မိမိ သန့်ရှင်း သူတို့ကိုလည်း စွန့် တော်မ မူ။ သူတို့သည် စောင့် မတော်မူခြင်းကို အစဉ် အမြဲခံရကြလိမ့်မည်။ မတရား သောသူ၏ သား မြေးတို့မူကား ၊ ပယ်ရှင်း ခြင်းကိုခံရကြလိမ့်မည်။
Psalms 137:8ဖျက်ဆီး တတ်သော ဗာဗုလုန် မင်းသမီး ၊ သင် သည် ငါ တို့၌ ပြု သည်အတိုင်း ၊ သင် ၌ အပြစ် ကိုဆပ်ပေး သောသူ သည် မင်္ဂလာ ရှိ၏။
Isaiah 13:15တွေ့ မိသမျှ သောသူတို့ ကို လှံနှင့်ထိုး ရ၏။ စုဝေး လျက်ရှိသောသူအပေါင်း တို့လည်း ထား ဖြင့် ဆုံး ကြ လိမ့်မည်။