Isaiah 14:19
သင့် ကိုမူကား ၊ ရွံရှာ ဘွယ်သော သစ်ခက် ကဲ့သို့ သင်္ချိုင်း ထဲ ကထုတ်ပစ် ရ၏။ ကွပ်မျက် သောသူ၊ ထား ဖြင့်ထိုး သောသူ၊ သင်္ချိုင်းတွင်း ၌ ကျောက်စု ထဲသို့ ချ သောသူများနှင့် ဖုံးအုပ် လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင် ဖြစ်လေ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
18အပြည်ပြည် သောရှင်ဘုရင် အပေါင်း တို့သည် အသီးအသီး မိမိ တို့စေတီ ၌ ဘုန်း အသရေနှင့် အိပ် ကြ၏။
Cross References
1 Kings 21:19ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ် ၍ သူ့ဥစ္စာကို သိမ်းယူ ပြီလော။ တဖန် မိန့် တော်မူသည်ကား၊ ခွေး တို့သည် နာဗုတ် အသွေး ကို လျက် သော အရပ် ၌ သင့် အသွေး ကိုပင် လျက် ကြ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မှာထား တော်မူ၏။
2 Kings 9:25ယေဟုကလည်း၊ သူ့ ကိုဆွဲ ၍ ယေဇရေလ မြို့သားနာဗုတ် မြေကွက် ၌ ချ ပစ်လော့။ သင် နှင့် ငါ သည် သူ့ အဘ အာဟပ် နောက် သို့ မြင်းစီး ၍ လိုက်သောအခါ ၊ ဤ အမှုကို ထာဝရဘုရား ဗျာဒိတ် ထား တော်မူသည်ကို မမှတ်မိ သလော
Isaiah 22:16မြင့် သော အရပ်၌ ကိုယ် သင်္ချိုင်း တွင်းကို ထွင်း ၍၊ ကိုယ် နေရာ ကို ကျောက် ၌ ထုလုပ် သောသူ၊ သင်သည် ဤ အရပ်၌ သင်္ချိုင်း တွင်းကို ကိုယ် အဘို့ ထွင်း စေခြင်းငှါ ၊ ဤ အရပ် နှင့် အဘယ် သို့ဆိုင်သနည်း။
Jeremiah 16:6ပြည် သူပြည်သားအကြီး အငယ် တို့သည် သေ ရ ကြလိမ့်မည်။ သို့သော်လည်း၊ မ သင်္ဂြိုဟ် ရ။ သူ တို့အတွက် မြည်တမ်း ခြင်းကိုမ ပြုရ။ ကိုယ်ကို ကိုယ်ရှန ခြင်း၊ ဆံပင်ရိတ် ခြင်းကိုလည်း မ ပြုရ။
Jeremiah 41:7မြို့ ထဲ သို့ ရောက် ပြီးလျှင် ၊ နာသနိ သား ဣရှမေလ နှင့် သူ ၏လူ များတို့သည် ထိုသူ တို့ကိုသတ် ၍၊ မြေတွင်း ထဲ သို့ ပစ်ချကြ၏။
Ezekiel 32:23ထိုသင်္ချိုင်း တို့သည် ဥမင် အတွင်း အနားမှာ စီ လျက်၊ မင်းသင်္ချိုင်း ၌ ပတ်လည် ခြံရံလျက် ရှိ ကြ၏။ အသက်ရှင် သောသူတို့ ၏နေရာ ၌ သူတပါးကို ကြောက် စေတတ်သောသူ ဖြစ်သော်လည်း၊ ထိုသူ ရှိသမျှ တို့သည် ထား ဖြင့် သေ ၍လဲ နေကြ၏။