The Bible Software
bible.software › Isaiah › Isaiah 14 › Isaiah 14:25

Isaiah 14:25

ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်။

1835 Judson Burmese Bible

In The King James Version

That I will break the Assyrian in my land, and upon my mountains tread him under foot: then shall his yoke depart from off them, and his burden depart from off their shoulders.

In Context

24ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊

26မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏။

Read all of Isaiah 14

Cross References

2 Chronicles 32:21ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။

Isaiah 10:12သို့သော်လည်း၊ ထာဝရဘုရားသည် ဇိအုန် တောင်နှင့် ယေရုရှလင်မြို့၌ အမှုတော်ကို လက်စသတ် တော်မူပြီးမှ၊ အာရှုရိ ရှင်ဘုရင်၏ မာနထောင်လွှားခြင်း၊ မော်သော မျက်နှာနှင့် စော်ကားခြင်းကို ငါကြည့်ရှု၍ စီရင်မည်။

Isaiah 10:24ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဇိအုန်မြို့၌နေသော ငါ၏လူမျိုး၊ အာရှုရိယမင်းကြောင့် မကြောက်နှင့်။ သူ၏ ကြိမ်လုံးနှင့် သင့်ကိုရိုက်မည်။ အဲဂုတ္တုမင်း ပြုသည်နည်း တူ သူ၏လှံတံကို သင်၏အပေါ် မှာမိုးလိမ့်မည်။

Isaiah 10:32နောဘမြို့၌တရက်နေပြီးမှ၊ ဇိအုန်သတို့သမီး၏ တောင်တည်းဟူသော ယေရှုရှလင်တောင်ကိုရွယ်၍၊ မိမိ လက်ကို လှုပ်လိမ့်မည်။

Isaiah 17:12သမုဒ္ဒရာမြည်သံကဲ့သို့ မြည်တတ်သောလူ များ အလုံးအရင်းတို့၌၎င်း၊ အားကြီးသော ရေတို့ သည် ဟုန်းသကဲ့သို့ ဟုန်းတတ်သောလူမျိုးတို့၌၎င်း အမင်္ဂလာရှိ၏။

Isaiah 31:8အာရှုရိလူသည်လည်း၊ကြီးမြတ်သောသူ၏ ထား မဟုတ်သော ထားဖြင့်ဆုံးလိမ့်မည်။ ယုတ်သောသူ၏ထား မဟုတ်သော ထားသည် သူ့ကိုဖျက်ဆီးလိမ့်မည်။ သူသည် လည်း ထားဘေးမှ ပြေး၍၊ သူရဲတို့သည် ကျွန်ခံရကြလိမ့် မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study Isaiah 14:25

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← Isaiah 14:24Isaiah 14Isaiah 14:26 →