Isaiah 14:3
ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Deuteronomy 28:65ထို လူမျိုး တို့တွင် သင် သည် သက်သာ ခြင်းမ ရှိရာ၊ နေရာ မ ကျ ရာ။ နှလုံး တုန်လှုပ် ခြင်း၊ မျက်စိ မြော် ၍ အားကုန်ခြင်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ထာဝရဘုရား စီရင် တော်မူသဖြင့်၊
Isaiah 11:10ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
Isaiah 32:18ငါ ၏လူ တို့သည်လည်း ၊ ငြိမ်သက် သောနေရာ ၊ လုံခြုံ သောမြို့ ရွာ၊ ဘေးလွတ် သော ချမ်းသာ ရာအရပ်တို့ ၌ နေ ရကြလိမ့်မည်။
Jeremiah 30:8ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထို နေ့ ရက်၌ သူ တို့ထမ်းရသောထမ်းဘိုး ကို သူ တို့လည်ပင်း မှ ငါချိုး ပယ်မည်။ သူ တို့ကို ချည်နှောင် သော ကြိုးများကို ငါဖြတ် မည်။ တပါး အမျိုးသား တို့သည် နောက် တဖန်သူ တို့ကို မ စေစား ရကြ။
Jeremiah 46:27အိုငါ့ ကျွန် ယာကုပ် ၊ မ ကြောက် နှင့်။ အို ဣသရေလ အမျိုး၊ စိတ် မ ပျက်နှင့်။ သင့်ကိုဝေး သောအရပ်မှ ၎င်း ၊ သင် ၏အမျိုးသား တို့ကို သိမ်းသွား ရာ ပြည် မှ ၎င်း ငါ နှုတ်ယူ ဆောင်ခဲ့သဖြင့်၊ ယာကုပ် အမျိုးသည်ပြန်လာ ၍၊ ချောက်လှန့် သောသူမ ရှိ၊ ငြိမ်ဝပ် ချမ်းသာ စွာ နေရ လိမ့်မည်။
Ezekiel 28:24ထိုအခါ ဣသရေလ အမျိုး ၏ ပတ်လည် ၌နေ၍၊ မထီမဲ့မြင်ပြု သောသူတို့ တွင် စူး တတ်သော ဆူးပင် ၊ နှောက်ရှက် တတ်သောငြောင့် တစုံတခု မျှ မကျန်ကြွင်းရ။ ငါ သည် ထာဝရ ဘုရားဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။