Isaiah 11:10
ထို ကာလ ၌ ယေရှဲ ၏အမြစ် သည် ပေါက်၍၊ လူ များ အဘို့ထူ သော အလံ ဖြစ်လိမ့်မည်။ ထိုအလံ ၌ တပါးအမျိုးသား တို့သည် ဆည်းကပ် ကြလိမ့်မည်။ ကျိန်းဝပ် တော်မူရာအရပ်သည်လည်း ဘုန်းကြီး လိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Chronicles 2:12ဗောဇ သား ဩဗက် ၊ ဩဗက် သား ယေရှဲ တည်း။
Psalms 91:4အတောင် တော် အမွေး နှင့် ဖုံးအုပ် တော်မူ၍ ၊ အတောင် တော်အောက် ၌ သင် သည်လုံခြုံ စွာ နေရလိမ့်မည်။ သစ္စာ တော်သည် သင်၏ ဒိုင်း လွှားဖြစ်လိမ့်မည်။
Psalms 145:11နိုင်ငံ တော်၏ဘုန်း ကို၎င်း၊ တန်ခိုး တော်ကို၎င်း ဟောပြောမြွက်ဆို သဖြင့်၊
Isaiah 2:2နောက်ဆုံး သောကာလ ၌ ထာဝရဘုရား ၏ အိမ် တော်တည်သောတောင် သည် တောင် ကြီး တောင် ငယ် တို့၏ ထိပ်ပေါ် မှာ ချီးမြှောက် ၍ တည် လိမ့်မည်။ ခပ်သိမ်း သောလူမျိုး တို့သည် ထိုတောင် သို့ စည်းဝေး ကြလိမ့်မည်။
Isaiah 2:11ထို ကာလ ၌ လူ တို့၏မော် သော မျက်နှာ ကို နှိမ့် ရမည်။ လူ တို့၏မာနကိုလည်း ရှုတ်ချ ရမည်။ ထာဝရဘုရား တပါးတည်း သာချီးမြှောက် ခြင်းသို့ ရောက်တော်မူလိမ့်မည်။
Isaiah 14:3ထိုအခါ ထာဝရဘုရား သည် သင့် ကို ငြိုငြင် ခြင်း၊ စိုးရိမ် ခြင်း၊ သူတပါး စေစား၍ ဆင်းရဲ စွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော်မူလျှင်၊