Isaiah 16:6
မောဘ ၏ မာန ကို ငါတို့သည်ကြား သိကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ ထောင်လွှား စော်ကား ခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါကြွား သော စကားကိုပြောတတ်၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 15:1မောဘ ပြည် နှင့် ဆိုင်သော ဗျာဒိတ် တော်ကား၊ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘ ပြည်အာရ မြို့သည် ပျက်စီး ၏။ လုပ်ကြံ သော ညဉ့် အခါ ၊ မောဘပြည် ကိရ မြို့သည် ပျက်စီး ၏။
Isaiah 28:15သင်တို့က၊ ငါတို့သည် သေ မင်းနှင့် မိဿဟာယ ဖွဲ့ ကြပြီ။ မရဏာ နိုင်ငံနှင့် အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး သော ဘေး သည် ချင်းနင်းသောအခါ ၊ ငါ တို့ရှိရာသို့ မ ရောက်ရ။ ငါတို့သည် မုသာ ကိုကိုးစားကြ၏။ လှည့်စားခြင်းအောက် ၌ ပုန်းကွယ်၍ နေကြ၏ဟုဆိုတတ်သောကြောင့်၊
Isaiah 44:25ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
Jeremiah 48:26မောဘ သည် ထာဝရဘုရား တဘက် ၌ ဝါကြွား သောကြောင့် သူ့ ကိုယစ်မူး စေကြလော့။ သူသည် မိမိ အန်ဖတ် ၌ လူးလည်း ၍ ကဲ့ရဲ့ ခြင်းကို ခံရ ၏။
Jeremiah 48:42မောဘ သည် ထာဝရဘုရား တဘက်၌ ဝါကြွား သောကြောင့် ၊ နောက်တဖန် ပြည် မဖြစ်နိုင်အောင် ပျက်စီး ရလိမ့်မည်။
Amos 2:1တဖန် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မောဘ ပြည်သည် ဧဒုံ ရှင်ဘုရင် ၏ အရိုး တို့ကို ထုံး ဖြစ် စေခြင်းငှါမီး နှင့် ဖုတ်သောအပြစ် သုံး ပါးမက ၊ အပြစ်လေး ပါးကြောင့် ငါသည်ဒဏ် မ ပေးဘဲမနေ။