Isaiah 16:9
ထို့ကြောင့် ၊ ယာဇာ မြို့အတွက်မျက်ရည် ကျသကဲ့သို့ ၊ စိဗမာ စပျစ် နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန် မြို့နှင့် ဧလာလေ မြို့၊ ငါ သည် မျက်ရည် ကျလျက် သင့် ကိုရေလောင်း မည်။ အကြောင်း မူကား၊ သင် ၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Isaiah 9:3ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။
Jeremiah 40:10ငါ မူကား၊ လာ လတံ့သော ခါလဒဲ လူတို့စကားကို နားထောင် ခြင်းငှါ မိဇပါ မြို့မှာ နေ မည်။ သင် တို့မူကား ၊ စပျစ်ရည် ကို၎င်း ၊ နွေ ကာလအသီးကို၎င်း ၊ ဆီ ကို၎င်း သိမ်း ၍ အိုး ၌ သိုထား ကြလော့။ ယခု ဝင် ပြန်သော မြို့ ရွာ တို့၌ နေ ကြလော့ဟူ၍၊ ထိုသူ တို့အား သစ္စာ ပြုလေ၏။
Jeremiah 48:32အိုစိဗမာ စပျစ်နွယ် ပင်၊ ယာဇာ မြို့အတွက် မျက်ရည် ကျသည်ထက် ၊ သင့် အတွက် ငါသည် မျက်ရည် ကျမည်။ သင် ၏အညွန့် တို့သည် ပင်လယ် ကိုလွန် ၍၊ ယာဇာ ပင်လယ် တိုင်အောင် ရောက် ကြ၏။ ဖျက်ဆီး သောသူသည် သင် ၏သစ်သီး နှင့် စပျစ်သီး တို့ကို လုယူ၏။