Isaiah 16:8
ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Numbers 21:32မောရှေ သည်လည်း ၊ ယာဇာ မြို့ကို စူးစမ်း ခြင်းငှါ လူကို စေလွှတ် ပြီးလျှင် ၊ ထိုမြို့ ရွာတို့ကို သိမ်းယူ ၍ ၊ အရင် နေသောအာမောရိ အမျိုးသားတို့ကို နှင်ထုတ် ကြ၏။
Numbers 32:35အာတရုတ် ၊ ရှောဖန်၊ ယာဇာ ၊ ယုမ္ဘေဟ ၊
Joshua 13:19ကိရယသိမ် မြို့၊ စိဗမာ မြို့၊ ချိုင့် တွင်တောင် ပေါ် မှာရှိသော ဇာရက်ရှာဟာ မြို့၊
2 Samuel 1:21အိုဂိလဗော တောင် တို့၊ သင် တို့အပေါ် မှာ နှင်း မ ကျစေနှင့်။ မိုဃ်း မ ရွာစေနှင့်။ ပူဇော် စရာအသီးကိုသီးသော လယ်ကွက် မရှိစေနှင့်။ အကြောင်း မူကား၊ ထို အရပ်၌ သူရဲ ဆောင်သော ဒိုင်း တည်းဟူသောရှောလု ဆောင်သောဒိုင်း လွှား၊ ဆီ နှင့် လိမ်း ပြီးသော လက်နက်တော်ကို ရှုတ်ချ လေပြီတကား။
Isaiah 15:4ဟေရှဘုန် မြို့နှင့် ဧလာလေ မြို့တို့လည်း ငိုကြွေး ၍၊ ငိုသံ သည် ယာဟတ် မြို့တိုင်အောင် ကြား ရ၏။ မောဘ သူရဲ တို့သည်လည်း၊ တုန်လှုပ် သောစိတ် နှလုံးနှင့် ငိုကြွေး ကြ၏။
Isaiah 24:7သစ်သောစပျစ်ရည် သည် ငြိုငြင် လေ၏။ စပျစ်နွယ် ပင်သည်လည်း အားလျော့ လေ၏။ စိတ် ရွှင်လန်း သောသူအပေါင်း တို့သည် ညည်းတွား ကြ၏။