Isaiah 19:14
ထာဝရဘုရား သည် အဲဂုတ္တုပြည်၏ အလယ်၌ ယစ်မူး သော သဘော ကို ပြင်ဆင် တော်မူသဖြင့် ၊ ယစ်မူး သောသူသည် မိမိ အန်ဖတ် ၌ လဲ သကဲ့သို့ ၊ အဲဂုတ္တု ပြည် သားတို့သည် ပြု လေသမျှ တို့၌ မှားယွင်း ကြပြီ။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
1 Kings 22:22ထာဝရဘုရား က အဘယ်သို့ သွေးဆောင်မည်နည်းဟုမေး တော်မူသော်၊ အကျွန်ုပ်သွား ၍ ထိုမင်းကြီး၏ ပရောဖက် အပေါင်း တို့အထဲမှာ မုသာ စကားကို ပြောတတ် သောစိတ် ဝိညာဉ်ဖြစ် ပါမည်ဟု ပြန်လျှောက် သော် ၊ သင်သည် သွေးဆောင် ၍ နိုင် လိမ့်မည်။ ထိုသို့သွား ၍ ပြု လော့ဟု မိန့် တော်မူ၏။
Job 12:16တန်ခိုး တော်၊ ဉာဏ် တော်နှင့်ပြည့်စုံ၍၊ မှား သောသူနှင့် မှား စေသောသူတို့ကို ပိုင်တော်မူ၏။
Isaiah 19:2အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
Isaiah 29:9ဖင့်နွှဲ ၍ မှိုင်တွေ ကြလော့။ ကာမဂုဏ်၌ ပျော်မွေ့ ၍ မွှန် လျက်နေကြလော့။ စပျစ်ရည် ကို မ သောက်ဘဲ ယစ်မူး လျက်၊ သေရည် သေရက်ကို မ သောက်ဘဲ တိမ်း ယိမ်းလျက် ရှိကြ၏။
Isaiah 47:10သင် သည် ကိုယ် ပြုသောအဓမ္မ အမှုကို ကိုးစား ပြီ။ ငါ့ ကို အဘယ်သူမျှမ မြင် ဟု ဆို ပြီ။ သင့် ဉာဏ် နှင့် သင့် ပညာ အတတ်သည်၊ သင် ၏စိတ် ကို မှောက်လှန် သည် ဖြစ်၍၊ သင်က ငါ ရှိ၏၊ ငါ မှတပါး အဘယ်သူမျှမရှိဟု အောက်မေ့ ပြီ။
Jeremiah 25:27သင် တို့အလယ် သို့ ငါ စေလွှတ် သော ထား ကြောင့် သောက် ၍ ယစ်မူး ကြ။ အော့အန် ကြ၊ လဲ ကြ၊ နောက်တဖန် မ ထ ကြနှင့်ဟု ဣသရေလ အမျိုး၏ ဘုရား သခင် ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူကြောင်းကို သူ တို့အား ဆင့်ဆို လော့။