Isaiah 19:2
အဲဂုတ္တု ပြည်သားတို့သည် အချင်းချင်းတ ယောက်နှင့် တယောက် ရန်ပြု စေခြင်းငှါ ငါနှိုးဆော် သဖြင့် ၊ သူတို့သည် ညီအစ်ကို ချင်း တယောက်နှင့် တ ယောက်၊ အိမ်နီးချင်း တယောက်နှင့်တယောက်၊ တမြို့ နှင့် တမြို့ ၊ တနိုင်ငံ နှင့် တနိုင်ငံ စစ်တိုက်ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Judges 7:22လူသုံး ရာ တို့သည် တံပိုး မှုတ် သောအခါ ၊ ထာဝရဘုရား ၏ တန်ခိုးတော်ကြောင့်၊ တပ်သား အပေါင်း တို့သည် တယောက်ကိုတယောက်တိုက်၍၊ ဇေရရတ် အရပ် ဗက်ရှိတ္တ မြို့သို့ ၎င်း၊ တဗ္ဗတ် မြို့နား မှာ အာဗေလမဟောလ မြို့နယ် သို့ ၎င်း ပြေး ကြ၏။
1 Samuel 14:16ဗင်္ယာမိန် ခရိုင် ဂိဗာ မြို့၌ ရှောလု ၏ ကင်းစောင့် တို့သည် ကြည့်ရှု သောအခါ ၊ ဖိလိတ္တိလူအလုံးအရင်း သည် လျော့ ၍ တယောက်ကိုတယောက်ထိုးရိုက်လျက်သွား ကြ၏။
1 Kings 16:21ထိုအခါ ပြည်သား တို့သည် ကွဲပြား ၍၊ အချို့ တို့သည် ဂိနတ် ၏သား တိဗနိ ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ သူ့နောက် သို့ လိုက်ကြ၏။ အချို့ တို့သည် ဩမရိ နောက် သို့လိုက်ကြ၏။
2 Chronicles 20:22ထိုသူတို့သည် ချီးမွမ်း ရာသီချင်း ကို ဆိုစပြုကြ သောအခါ၊ ယုဒ ပြည်ကို တိုက်အံ့သောငှါလာသော၊ စိရ တောင် သားတို့ကို အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားတို့တဘက် ၌ ထာဝရဘုရားချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
Isaiah 9:21မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
Ezekiel 38:21အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ့ တောင် များ အရပ်ရပ် တို့တွင် သူ့ တဘက် ၌ထား ကို ငါမှာလိုက် သဖြင့် ၊ လူအပေါင်းတို့သည် တယောက်ကို တယောက်ထား နှင့် ခုတ်ကြလိမ့်မည်။