Isaiah 19:16
ထို ကာလ ၌ အဲဂုတ္တု လူတို့သည် မိန်းမ ကဲ့သို့ ဖြစ် ၍ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် သူ တို့အပေါ် မှာ လက် တော်ကို လှုပ်ရှား တော်မူသောကြောင့်၊ ကြောက်လန့် တုန်လှုပ် ကြလိမ့်မည်။
မြန်မာကျမ်းစာ
In The King James Version
In Context
Cross References
Exodus 11:6အဲဂုတ္တု ပြည် တရှောက်လုံး တွင် ၊ ရှေးကာလ၌ မ ဖြစ် စဖူး၊ နောင်ကာလ၌လည်း မ ဖြစ် လတံ့သော ကြီးစွာ သော ငိုကြွေး ခြင်း ဖြစ် ရလိမ့်မည်။
Isaiah 10:32နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။
Isaiah 30:17သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
Jeremiah 30:5ငါသည် ထိတ်လန့် ခြင်းစကား သံကို ကြား ရ၏။ ငြိမ်သက် ခြင်းမရှိ ။ ကြောက်ရွံ ဘွယ်သောအကြောင်းသာ ရှိ၏။
Jeremiah 51:30ဗာဗုလုန် စစ်သူရဲ တို့သည် စစ် မ ပြိုင်ဘဲရဲတိုက် များ၌ နေ ကြ၏။ အား လျော့ ၍မိန်းမ ကဲ့သို့ ဖြစ် ကြ၏။ မြို့သားနေရာ တို့ကိုမီး ရှို့၍၊ တံခါးကျင် တို့ကို ချိုးဖဲ့ ကြ၏။
Nahum 3:13သင် ၏လူ တို့သည် သင့် အလယ် ၌ မိန်းမ ကဲ့သို့ဖြစ်၍၊ ပြည် တံခါး တို့သည် ရန်သူ တို့အား ကျယ်ကျယ်ပွင့် လျက်၊ ကန့်လန့်ကျင် တို့သည် မီး လောင် လိမ့်မည်။